အဖြစ်မှန်ကဒီလိုပါ
တရားခွင်တစ်ခုတွင် ဖြစ်၏။
ခိုးမှုဖြင့် အဖမ်းခံရသောတရားခံအား တရားသူကြီးလည်းသေချာစွာကြည့်လိုက်ရာ အရင်တစ်ခါကလည်း ခိုးမှုဖြင့် ထောင်ကျခဲ့ဖူးသည့် တရားခံဖြစ်ကြောင်းကို မှတ်မိနေလေ၏။ သည်အတွက် တရားသူကြီးလည်း တရားခံကို စေ့စေ့ကြည့်ရင်း-
“မောင်ရှောက်သီး၊ မင်းဟာ ဟိုတစ်ကြိမ်ကလည်းခိုးမှုနဲ့ ဒီတရားရုံးကို ရောက်ပြီး အပြစ်ဒဏ်ချမှတ်ခံခဲ့ရဖူးတယ်မဟုတ်လား”
“ဟုတ်ပါတယ် တရားသူကြီးမင်းရယ်”
“အဲဒီတုန်းက မင်းကို ကျုပ်ဘာပြောခဲ့သလဲ”
“ဒီတရားရုံးကို နောက်ထပ်တရားခံအဖြစ်နဲ့ ရောက်မလာနဲ့တော့ တဲ့”
“အဲဒါများကွာ အခု ဘာဖြစ်လို့ တရားရုံးကို ပြန်ရောက်လာရတာတဲ့တုံး”
“တရားသူကြီးမင်းရယ်၊ ကျွန်တော်လည်း ဘယ်ရောက်ချင်မှာဟဲ့တုံး။ တစ်နေ့ အိမ်တစ်အိမ်က ပစ္စည်းခိုးပြီးပြန်အထွက် ပတ္တရောင်လှည့်နေတဲ့ရဲတွေနဲ့ ပက်ပင်းတိုးပြီး အဖမ်းခံရတော့တာပဲ။ ကျွန်တော်က တရားသူကြီးရဲ့စကားကို သေသေချာချာပြောပြပါသေးတယ်။ ဒါပေမဲ့ ရဲတွေက ကျွန်တော်ပြောစကားကို နားမဝင်လို့ ခုလိုမျိုးပြန်ရောက်ရတာပါ ခင်ဗျာ”
“မှားပါတယ်၊ မောင်ရှောက်သီးရယ်”
Credit - ကိုရွှေတောသား
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment