ဆိုးလိုက်ပါတဲ့ကုသိုလ်ကံ
ငယ်သူငယ်ချင်းနှစ်ယောက် ဘီယာဆိုင်၌ တစ်ခွက်တစ်ဂျားမက အပြိုင်မော့ကြရင်း စကားတွေဖောင်ဖွဲ့နေကြ၏။
“သူငယ်ချင်းရေ မင်းတော့ မသိဘူး၊ ငါတော့ အိမ်ထောင်ရေးကုသိုလ်ကံ တော်တော်လေးကို ဆိုးသကွာ”
“ဟ ဘယ်လိုများ ဆိုးတာတဲ့တုံး”
“ဆိုးဆို ပထမငါနဲ့ရတဲ့ မိခင်စိန်ဟာ ပွဲစားတစ်ယောက်နဲ့ လိုက်ပြေးသွားတယ်ကွာ။ ငါ့မှာ တစ်ယောက်ထဲ အထီးကျန်ခဲ့ရတယ်”
“အင်း ဒါဆို ဆိုးတာပေါ့”
“ဒါကြောင့် အိမ်ထောင်ရေးကုသိုလ်ကံ ကောင်းမလားဆိုပြီး ရပ်ကွက်ထဲက တစ်ခုလပ်မလေးတစ်ယောက်နဲ့ ထပ်ပြီး အိမ်ထောင်ပြုလိုက်တယ်”
“ဒါဆို အခုမိန်းမက ဘယ်လိုများဖြစ်ပြန်လို့လဲ”
“ဘာဖြစ်ရမလဲကွာ၊ ခုထက်ထိ ဘယ်သူနဲ့မှ လိုက်မပြေးဘဲ ကုပ်ကပ်နေသေးလို့ကွ”
“ဟာကွာ”
Credit - ကိုရွှေတောသား
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment