ပူ ပူ
အမျိုးသမီးတစ်ဦးသည် စွပ်ပြုတ်ဆိုင်တွင် စွပ်ပြုတ်ပူပူကြီးကို မှုတ်သောက်နေစဉ် အိမ်နီးချင်းတစ်ယောက် အပြေးရောက်လာပြီး အမျိုးသမီး၏ယောကျာ်း ဗြုန်းခနဲ သေဆုံးသွားကြောင်း လာပြော၏။
အမျိုးသမီးက ဘာမဖြစ်သလို စွပ်ပြုတ်ကိုသာ ဆက်သောက်နေသဖြင့် အိမ်နီးချင်းအမျိုးသမီးက မအောင့်နိုင်တော့ဘဲ…..
“ညည်းနှယ်တော်….. ယောကျာင်္းတစ်ယောက်လုံးဆုံးတာ ဘာမှပြောဖော်မရပါလား’ဟု ပြောလိုက်သဖြင့် ထိုအမျိုးသမီးက ပြန်ပြောလိုက်သည်မှာကား….
“သြော် … စွပ်ပြုတ်က ပူရတဲ့အထဲ နောက်တစ်ပူကို ရင်ထဲ လောင်းမချနိုင်သေးဘူးေ တ်ာရေ၊ နောက်မှပဲ အေးအေးဆေးဆေးမှ အားရပါးရ အော်ငိုပါရစေတော့” ဟူ၏။
Credit - စိန်ငှက်ရိုး
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment