လွယ်လွယ်လေးမှလွယ်လွယ်လေး
ကုန်တိုက်တစ်တိုက်အတွင်းရှိ အရောင်းကောင်တာအတွင်း ကုန်တိုက်ပိတ်ချိန်၌ ဝင်ရောက်ဖောက်ထွင်းလျက် ငွေအိတ်ကြီးအား ထမ်းလာသည့် သူခိုးနှစ်ယောက်သည် လွတ်မြောက်ရေးလမ်းကြောင်းကို ရှာဖွေရင်း စကားပြောဆိုကြလေ၏။
“ငါတို့သယ်ထုတ်လာတဲ့ ငွေတွေဆိုတာ မနည်းမနောဘူးကွနော်”
“အေး ထွက်မကျစေဖို့ သတိလည်းထားဦးကွနော်”
“စိတ်ချစမ်းပါကွာ၊ တို့နှစ်ယောက်တော့ ဒီငွေတွေတစ်နေရာမှာ ခွဲဝေပြီးပြီဆိုရင် ကောင်းကောင်းကြီးငြိမ့်လို့ ရပြီနော်”
“သေချာတာပေါ့ကွာ”
“ဒါထက် ငါတို့ခိုးလာတဲ့ ငွေအရေအတွက် ဘယ်လောက်တောင်ရှိမလဲ မပြောတတ်ဘူး၊ ရေကြည့်ရင်လည်း ပြဿနာပဲ”
“မပူနဲ့ မင်း အတိအကျသိချင်သလား”
“သိချင်တာပေါ့ကွ၊ ဒါမှ မင်းနဲ့ငါ ဘယ်လောက်စီရမယ်ဆိုတာ ခွဲလို့ရမှာမဟုတ်လား။ အတိအကျသိဖို့ရာ မင်းက တန်ခိုးရှင်လား”
“ငါက တန်ခိုးရှင်မဟုတ်တဲ့ သူခိုးပါကွ။ မင်းအတိအကျသိချင် မနက်ဖြန်ထုတ်သတင်းစာ ကိုဖတ် အတိအကျသိရလိမ့်မယ်”
“အယ် ဟုတ်ပေသား”
Credit - ကိုရွှေတောသား
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment