Header Ads

အရမ်းရယ်ရတယ်နော်

သို့ မမ.....
ကျွန်တော်ဟာာ ၁ကိုယ်ရေ၁ကာယသမားဆိုပေမယ့် မမတို့ ၁ဆွေလုံး၁မျိုးလုံးကို ၁တိုက်၁၀န်းနဲ့ ၁၀ကြီး၁ထမ်း၁ပိုးကြီးကိုလုပ်ကျွေးနိုင်ပါတယ်။(သိန်း၁ထောင်ဆုကြီးအကြိမ်၁ရာလောက်ပေါက်ခဲ့ရင်ပြောတာပါ၊ ငှဲငှဲငှဲ)

အခုတော့ အကြွေးက ၁ပုံ၁ခေါင်း၊ ပိုက်ဆံက ၁ပြား၁ချက်မရှိ၊ အတိုးတွေက၁စ၁စနဲ့ ချစ်မမမှမကယ်ရင် ကျွန်တော့်ဘ၀ ၁တိ၁တိနဲ့ လုံးပါး ပါးရတော့မှာပါ။ (အဟင့်အဟင့်၊ ရွတ်၊ ဖတ်)

အိုဘယ့်အကြွေးရှင်၊ ၂လိုဖွယ်ကောင်းတဲ့ သင့်ရဲ့ အပြုံးတွေနဲ့ ၂သိမ့်ပေးလှည့်ပါ၊

အပေါ်ယံ ၃သပ်ချက်တွေနဲ့ ကျွန်တော့်ကို ၃ဖြုန်းနေတယ်လို့ မစွတ်စွဲလိုက်ပါနဲ့ နော်။

၎ကန်နေတဲ့သိုင်းကွက်နင်း ခြေထောက်တွေဟာ ၄လုံးခြောက်ဖက် မမအတွက်သာဆိုရင် ၄ညို့ က ပစ်လိုက်တဲ့ မြှားတစ်စင်းထက် ပိုမြန်လာပါလိမ့်မယ်။

ဒါကလည်း ၅ကျည်းခြောက်လို အသားအရေ ပိုင်ရှင်မမကို ၅ဖောင်ရိုး ကျွန်တော်က ချစ်မိခဲ့တာကိုး။

မမသာပျော်မယ်ဆိုရင်လေ ၆စတောင် လှည်းယှဉ်ကြော့ကြော့ပေါ်မှာ ၆ပြစ်ကင်း သဲလည်းစင်တဲ့ မမကို တင်ပြီး (အဲအဲ ငါဘာလုပ်မလို့ ပါလိမ့်) အော် ၆ခမ်းသွားသောအိပ်မက်မြစ် သီချင်းကို အာခေါင်၆တဲ့အထိ ဆိုပြချင်ပါတယ်။( ဟားဟား သောက်ရမ်းမိုက်တယ်ကွာ မလိမ်မာဘူး)

ခုတော မမပြောတဲ့အတိုင်း အ၇လွတ်ဈေးသွားဖို့ အတွက် ၇အားတွေစုနေပါပြီ။

မမနဲ့ ကျွန်တော့် အကြောင်းတွေကို အရပ်၈ခွင်လုံးသိအောင် အော်ပြောချင်ပေ

မယ့်၉ယိုးကားယား မဖြစ်ချင်တော့ အချစ်ကို မ၉ကွယ်သလိုပဲ နေပြရတော့မှာပေါ့။

၁၀မိုး၁၀လ ချစ်ခဲ့ကြပြီးရင်တော့ သိက်ခါ ၁၀တဲ့အနေနဲ့ ကိုယ်တို့ ရဲ့ ချစ်ခြင်းကို အွန်လိုင်းတန်ခိုးနဲ့ ၁၀ဆတိုးပြီး ချစ်လိုက်ရအောင်လား..........

 

Credit - Internet



အောင်မြင့်မြတ်(Myanmar Youths)

No comments