ပူစရာမလိုတော့ဘူးလေ
မင်္ဂလာပွဲရဲ့ ပရိသတ်အားလုံးဟာ ဖခင်ဖြစ်သူက သတို့သားရှိရာဆီကို မင်းလမ်းတလျှောက် တွဲခေါ်လာတဲ့ လှလှပပ သတို့သမီးလေးကို ငေးကြည့်နေကြပါတယ်။
သူတို့နှစ်ယောက် သတို့သားရှိရာ စင်မြင့်ပေါ်ရောက်တဲ့အခါ သတို့သမီးက သူ့ဖခင်ကို ညင်ညင်သာသာနမ်းလိုက်ပြီး လက်ထဲကို တစ်စုံတစ်ခု ထည့်ပေးလိုက်ပါတယ်။
ကြည့်နေတဲ့ ဧည့်ပရိသတ်တွေဟာ သတို့သမီးလေး သူ့ဖခင်ရဲ့လက်ထဲကို ဘာထည့်ပေးလိုက်သလဲဆိုတာသိပ်သိချင်သွားကြပါတယ်။ဘာလဲဆိုတာကို ပြောပြစေချင်တဲ့ အကြည့်တွေနဲ့ ၀ိုင်းကြည့်နေတဲ့ မျက်လုံးတွေကြောင့် ဖခင်ဖြစ်သူဟာလည်း လူတွေသိပ်သိချင်နေမှန်း ရိပ်မိသွားပြီး ကြေညာ လိုက်ပါတော့တယ်။
“ဧည့်ပရိသတ်များ ခင်ဗျာ... ဒီနေ့ဟာ ကျွန်တော့်ဘ၀ရဲ့ ကံအကောင်း ဆုံးနေ့ပါ... ” ပြောရင်း သူ့သမီးပေးတဲ့ ပစ္စည်းလေး ဆုပ်ကိုင်ထားတဲ့ လက်ကို မြှောက်ပြလိုက်ပြီး
“နောက်ဆုံးတော့ ကျွန်တော့သမီးလေး ကျွန်တော့ Credit Card ကို ပြန်ပေးပါပြီဗျာ...”လက်ထပ်ပေးမယ့် ဘုန်းတော်ကြီး အပါအ၀င် ဧည့်ပရိသတ်အားလုံး ရယ်ကြပါတော့တယ်။
Credit - ဖတ်ဖူးသမျှဟာသ
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment