Header Ads

တိတိကျကျ အထီးနဲ့အမ

မတည့်အတူနေ လင်မယားနှစ်ယောက် ရုံးပိတ်ရက်၌ အိမ်မှာ အတူရှိနေကြ၏။ မယားဖြစ်သူက ဟင်းချက်ရန် အသားငါးတွေကိုင်နေစဉ် လင်ဖြစ်သူကမူ ထမင်းစားပွဲနံဘေး၌ အကျအနထိုင်ကာ လက်ဖက်သုပ်ကလေးမြည်းလိုက်၊ အခါးရည်ကလေး မော့လိုက်နှင့် စည်းစိမ်ယစ်နေလေ၏။

ထိုအခိုက် စားပွဲဝန်းကျင်သို့ ယင်ကောင်အချို့ ရောက်လာကြရာ လင်ဖြစ်သူလည်း အနီးရှိသားမြီးယပ်ဖြင့် ရိုက်ထည့်လိုက်၏။ ထိုမြင်ကွင်းကို မယားဖြစ်သူ တွေ့မြင်သွားပြီး ကရားရေလွှတ် မေးခွန်းတွေ မေးတော့သည်။

“ကိုအဝှာ၊ ဘယ့်နှယ့်လဲ ယင်ကောင်တွေဇာတ်သိမ်းသွားပြီးလား”

“အားလုံးသွားပြီကွ၊ အထီးက လေးကောင်၊ အမက ငါးကောင်တောင်မှပဲ”

“အလိုတော် သေ သေချာလှချည်လား။ သည်လောက်ယင်ကောင် သေးသေးတွေကို ဘယ့်နှယ်လုပ် အထီးအမခွဲနေတာပါလိမ့် ပြောစမ်းပါဦး”

“ဟ လွယ်ပါတယ်ကွာ၊ အရက်ဖန်ခွက်ပေါ်လာနားတဲ့ ယင်ကောင်လေးကောင်ဆိုတာ အထီးတွေ၊ ကျန်တဲ့လေးကောင်က တော့  တဝီဝီနဲ့ နားညည်းအောင် အသံပေးနေတဲ့ ယင်မတွေပဲ”

“အယ်”

ထိုအခါ ဇနီးဖြစ်သူ ပါးစပ်ပိတ်သွားလေတော့၏။

 

Credit - ကိုရွှေတောသား



အောင်မြင့်မြတ်(Myanmar Youths)

No comments