Header Ads

ကိုသာစိုး

ရွှေပွဲလာဧည့်ပရိသတ်၏ ရှေ့မှောက်၌ ဆန်နှစ်ပြည်ချက်အား တစ်စေ့မကျန်စားသောက်ပြမည့် လူထူးလူဆန်းကြီးဆိုသည့် သတင်းကြောင့် ဂျာနယ်လစ်တစ်ယောက်သည် အဆိုပါဇာတ်ရုံသို့ စောစီးစွာ ရောက်ရှိသွားကြပြီး ဇာတ်မန်နေဂျာနှင့် တွေ့ဆုံလေ၏။

“ဆန်နှစ်ပြည်ချက်ကို တစ်ထိုင်တည်း တစ်စေ့မကျန်စားပြမယ်ဆိုတာ အမှန်တကယ်ပဲလားခင်ဗျ”

“အမှန်တကယ်မို့လို့လည်း ရုံးသွင်းပြတာပေါ့လေ။ ဇာတ်ကလေရာနေရာတိုင်း အဲသည်ပြကွက်နဲ့ပဲ ရုံကွဲအောင် အောင်ပွဲခံလာခဲ့တာ”

“ဒါဆိုရင် ဒီလူဟာ တကယ့်ကို စူဇကာပုဏ္ဏးဝင်စားတာပဲ”

“ဘာဖြစ်လို့လဲ”

“ဟို စူဇကာပုဏ္ဏးက လှူတာအကုန်စားလို့ သေရတယ် မဟုတ်လား။ ကျုပ်တို့လူက ဘယ်လောက်စားစား ဘာမှဖြစ်တာ မဟုတ်ဘူး”

“ဒါဆိုတော်တော်ထူးတာပဲ သူနဲ့တွေ့ချင်တယ်ဗျာ၊ အင်တာဗျုးပြီး ဂျာနယ်ထဲ ထည့်ချင်လို့ ခုဘယ်မှာလဲ”

“သူလား ခုနလေးတင် ရွာထဲက ထမင်းစားဖိတ်လို့ သွားစားနေလေရဲ့”

“အယ်’

 

Credit - ကိုရွှေတောသား



အောင်မြင့်မြတ်(Myanmar Youths)

No comments