ရောဂါနဲ့ဆေး
ကျန်းမာရေးမကောင်းသော လူတစ်ယောက် ဆေးခန်းသို့ ရောက်လာကာ ဆရာဝန်ထံ ပြသလျက် စစ်ဆေးမှုကို ခံလေ၏။
“အင်း…. ခင်ဗျားရဲ့ ကျန်းမာရေးအခြေအနေကို အကဲခတ်ရတာ သိပ်မဟုတ်လှဘူး။ စမ်းသပ်စစ်ဆေးကြည့်တော့လည်း ထင်တဲ့အတိုင်း….”
“သည်တော့ ….. ကျွန်တော်ကျန်းမာရေး ကောင်းလာအောင် ဘယ်လိုလုပ်ရမှာလဲ ဒေါက်တာ”
“အနေအထိုင် သိပ်ကို အရေးကြီးတယ်လေ။ တကယ်ဆိုရင် ခင်ဗျားဟာ သန့်ရှင်းလတ်ဆတ်တဲ့လေကို ရှူနိုင်ဖို့ ပင်လယ်ကမ်းစပ်ကို နေရာမျိုးမှာ နေသင့်တယ်။ ဒါထက်…. ခင်ဗျားက ဘာလုပ်တာတဲ့တုံး…..”
“ကျွန်တော်လား….. ကမ်းလွန်ပင်လယ်ပြင်မှာ ငါးဖမ်းထွက်တဲ့အလုပ် ….. လုပ်တယ်လေ ဒေါက်တာ”
“အဲ….. ဗျာ”
Credit - ကိုရွှေတောသား
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment