အစဖော်ရခက်လို့ပါ
သူငယ်ချင်းနှစ်ယောက် စားသောက်ဆိုင်တွင် ဆုံမိကြ၏။
ဤတွင် တစ်ယောက်က မြာအလွန်ပွေသော သူငယ်ချင်းကိုမေးလေ၏။
“ဟေ့ သူငယ်ချင်း၊ မင်းဟာလေ အပြင်မှာ မြာပွေပေမဲ့ မင်းအိမ်ကမိန်းမကိုလည်း ချစ်သားပဲနော်”
“ဘာ့ကြောင့် ဒီလိုပြောရတာလဲ၊ ဆိုစမ်းပါဦး”
“ငါ မင်းအိမ်ကို ရောက်တိုင်း မင်းမိန်းမကို မင်းခေါ်ခေါ်နေတဲ့အသံတွေ ကြားရလို့”
“ငါက ဘယ်လိုခေါ်လို့လဲ”
“တစ်ခါလာတုန်းက အသည်းလေး အသည်းလေး တဲ့။ နောက်တစ်ခါလာတော့ အချစ်ဆုံးရေ အချစ်ဆုံးရေတဲ့။ ဟော နောက်တစ်ခါ ငါလာတော့ အသက်ရေ အသက်ရေ တဲ့။ မိန်းမကို တော်တော်ချစ်လို့ တင်စားပြီး ခေါ်တာမဟုတ်လား”
“မဟုတ်ဘူးကွ ငါ့မိန်းမနာမည်ကို အစမဖော်နိုင်လို့’
“အယ်’
 
Credit - ကိုရွှေတောသား
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment