Header Ads

တန်ရာတန်ကြေး

ငွေကြေးပြည့်စုံချမ်းသာသော လူတစ်ဦးသည် ၎င်း၏အဖိုးတန် ဇိမ်ခံကားပေါ်၌ စုတ်ဖွားခွေးတစ်ကောင်ကို တင်ဆောင်မောင်းနှင်ရင်း  “ခွေးလှပြုပြင်ရေး’ ဆိုင်တစ်ဆိုင်ရှေ့အရောက်တွင် ရပ်လိုက်၏။

ထို့နောက် စုတ်ဖွားခွေးကလေးကို ပွေ့ကာ ဆိုင်တွင်းသို့ ဝင်ခဲ့လေသည်။

“ကျွန်တော်ရဲ့ ခွေးကလေးကို လိုက်ဖက်ကြည့်ကောင်းအောင် အမွေးညှပ်ပေးပါ’

“ရပါတယ် ခုံပေါ်တင်လိုက်ပါ”

“နေပါဦး အမွေးညှပ်ခ ဘယ်လောက်ပေးရမယ်ဆိုတာ ပြောဦးလေ’

“တစ်သောင်း’

“ဟာ မများဘူးလား ကျွန်တော်ဆံပင် ဆံသဆိုင်မှာ ညှပ်တာ ထောင့်ငါးရာပဲ ပေးရတယ်”

“မတူဘူးလေဗျာ၊ခင်ဗျားက ငြိမ်ငြိမ်လေးလည်း နေပေးတယ်။ ကိုက်လည်းမကိုက်တတ်ဘူးဆိုတော့ ထောင့်ငါးရာပဲကျမှာပေါ့”

“အယ်”


Credit - ကိုရွှေတောသား



အောင်မြင့်မြတ်(Myanmar Youths)

No comments