ရိုးလိုက်ပါဘိတော့
မြို့ရောက်သည်မှာ ခြောက်လခန့် ရှိသွားသည့် ရိုးရိုးအအ တောသားတစ်ယောက်သည် ဆေးမျိုးစုံရောင်းချသော ဆိုင်သို့ဝင်ကာ ကိုယ်ဝန်တားဆေး ဝယ်လေ၏။ ဆိုင်ရှင်မှာ ရိုးရိုးအအတောသားမှန်းသိ၍ ဆေးကို ချက်ချင်းမရောင်းသေးဘဲ စကားစမြည် ပြောဆိုလေ၏။
“ဗျို့ …… ဆရာကြီး၊ ခင်ဗျားဝယ်မယ့်ဆေးက မိန်းမတွေပဲ သောက်ရတာနော်”
“သိပါတယ်ဗျာ၊ ကျွန်တော့်ဆရာ ပြောပြလို့ သိနေပါပြီ။ မိန်းမတွေ တစ်နေ့တစ်လုံး ပုံမှန်သောက်သွားရင် ကိုယ်ဝန်မရဘူးဆိုတာကို….”
“သြော်…. ဒါဆို ခင်ဗျားမိန်းမက ဝယ်ခိုင်းလိုက်တယ်ပေါ့”
“ဒါလည်း မဟုတ်ဘူးဗျ”
“ဟာ…. ရှုပ်ကုန်ပါပြီ…..”
“မရှုပ်ပါဘူးဗျာ။ ကျွန်တော် တောကတက်လာတာ ခြောက်လလောက် ရှိပါပြီ။ အဲဒါ တောမှာ ကျန်ရစ်ခဲ့တဲ့ ကျွန်တော်မိန်းမ ကျွန်တော်မရှိတုန်း ကိုယ်ဝန်ရနေမှာဆိုးလို့…… သူ့ဆီ လူကြုံရှိတုန်း ပို့ရအောင် လာဝယ်တာပေါ့….”
“ဟော….. ဗျာ”
Credit - ကိုရွှေတောသား
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment