Header Ads

ဘယ်သူ့ကံက ပိုလို့ဆိုး

မိသားစု စားသောက်ပြီးသား ပန်းကန်များကို ပြောင်စင်အောင် တိုက်ချွတ်ဆေးကြောလျက်ရှိသော ဖခင်ထံသို့ သားဖြစ်သူရောက်လာကာ စကားစပ်စုလေတော့၏။

“ဖေဖေ့ကို သား မေးစရာရှိလို့”

“မေးလေး သား၊ ဘာများသိချင်လို့လဲ”

“ဒီလိုပါ ဖေဖေ၊ မိန်းမတစ်ယောက်ရတဲ့လူနဲ့ မိန်းမနှစ်ယောက်ရတဲ့သူ၊ ဘယ်သူက ပိုပြီးကံကောင်းလဲ ဖေဖေ”

“ငါ့သား မင်းမေးတာမှားနေပြီ။ တကယ်တမ်းမေးရမှာက မိန်းမတစ်ယောက်ရတဲ့သူနဲ့ မိန်းမနှစ်ယောက်တောင် ရတဲ့သူ၊ ဘယ်သူကပိုပြီး ကံဆိုးသလဲဆိုတာကို”

“ဟင် ဟုတ်လား။ ဒါဆိုလည်း ဖေဖေပဲ ဖြေပေးပါဦး။ ဘယ်သူကပိုပြီး ကံဆိုးသလဲဆိုတာကို”

“မိန်းမ နှစ်ယောက်ရတဲ့သူက ပိုပြီး ကံဆိုးတာပေါ့ သားရဲ့”

“ဘာဖြစ်လို့လဲ ဖေဖေရဲ့”

“ဘာဖြစ်လို့လဲဆို ခုပဲ ဖေဖေ့ကိုကြည့်။ မင်းအမေဖြစ်တဲ့မိန်းမတစ်ယောက်တည်းရတဲ့ ဖေဖေဟာ ပန်းကန်တွေဆေးနေရတယ်။ အဲ မိန်းမ ၂ ယောက်များ ရသာကြည့်။ ဖေဖေဆေးရတာထက် နှစ်ဆလောက် ဆေးရမှာကွယ့်”

“ဟောဗျာ”

 

Credit - ကိုရွှေတောသား



အောင်မြင့်မြတ်(Myanmar Youths)

No comments