Header Ads

ထို့ကြောင့်မိန်းမဟုခေါ်သည်

ဆးရုံမှ လက်လျှော့လိုက်ပြီဖြစ်သည့်အတွက် လူမမာအား အိမ်သို့ ပြန်လည်ခေါ်ဆောင်လာခဲ့ရ၏။ အခြေအနေမကောင်းတော့သည့် ခင်ပွန်းအား ဇနီးချောငယ်ငယ်ကလေးက အတိုးချပြုစုကာ စိတ်ဓာတ်မကျစေရန် အားပေးလျက်ရှိ၏။
“ကိုယ့်ဝေဒနာကို ကိုယ်သိပါတယ် အချစ်ကလေးရယ်။ ကိုယ် ကြာကြာမနေရတော့ပါဘူး။ သည့်အတွက် ဝမ်းနည်းမနေပါနဲ့။ ကိုယ်သေသွားတဲ့အခါ အချစ်ကလေး ရင်းနှီးစားသောက်ဖို့ ကိုယ်ဘဏ်မှာ သိန်း ၂၀ စုထားခဲ့ပါတယ်။ အဲဒါ ထုတ်ယူလိုက်ကွယ့်နော်”
“သြော် အစ်ကိုကြီးရယ်၊ ငွေက အကြောင်းမဟုတ်ပါဘူး လူမသေ ငွေမရှားတဲ့။ အစ်ကိုကြီး ပြန်ပြီးတော့ ကျန်းမာလာဖို့သာ အရေးကြီးပါတယ်”
သည်စကား ကြားရတော့ ခင်ပွန်းသည် အဘိုးကြီးခဗျာ မယားလိမ္မာကလေးကို ရရှိလိုက်ခြင်းအတွက် ကြည်နူးဂုဏ်ယူရင်း “ငါ့လိုလူ ဤဇမ္ဗူမှာ ရှိပါသေးလား” ဟူ၍ အတွေးဝင်ကာ ပီတိဖြစ်နေမိလေ၏။
သို့သော် မကြာလိုက်။
အလိမ္မာမယားချောလေး၏ နောက်ဆက်တွဲစကားကြောင့် မျက်လုံးပြူး၍ သွားလေတော့၏။
‘ဒါနဲ့ နေပါဦး အစ်ကိုကြီးရဲ့ အသက်အာမခံကြေးကရော ဘယ်လောက်တောင် ထုတ်ယူရမှာလဲဟင်”
 
Credit - ကိုရွှေတောသား

No comments