Header Ads

အမှတ်ရလို့ပါ

လက်ထက်ပြီးကာစ စုံတွဲတစ်တွဲ ဆွေပြမျိုးပြသွားပြီးသည် နောက် အိမ်သို့ပြန်လာကြ၏။ အဝတ်အစားများလဲပြီးနောက် ဧည့်ခန်းတွင် ထိုင်ကာ စကားစမြည် ပြောဆိုကြလေ၏။
“ကိုကိုစိန်၊ ပိုးတီလေ ခေတ်မီတစ်ထပ်တိုက် ကလေးနဲ့ နေချင်တယ်”
“နေရမှာပေါ့ ပိုးတီရယ် ၊နေရမှာပေါ့”
“နောက်ပြီး နောက်ဆုံးပေါ် ဈေးအကြီးဆုံး ကားလည်း စီးချင်တယ်”
“စီးရမှာပေါ့၊ ပိုးတီရယ် စီးရမှာပေါ့”
“ပြီးတော့လေ ကိုကိုစိန်တို့ ပိုးတီတို့ကရလာမယ့် သားသား မီးမီးတွေကျရင် စင်ကာပူမှာ ကျောင်းသွားထားချင်တယ်”
“ထားရမှာပေါ့ ပိုးတီရယ် ထားရမှာပေါ့”
ထိုသို့ဆိုပြီးနောက် လင်ယောကျာင်္းသည် တွေတွေငေးငေးကလေး ဖြစ်သွား၏။ ဘာစကားမျှ မပြော။ ဤတွင် ဇနီးသည် လည်း အားမလိုအားမရဖြစ်ကာ-
“ကိုကိုစိန် ဘာဖြစ်နေတာလဲ၊ ဘာတွေ စဉ်းစားနေတာလဲ”
“သြော်…. ဘာရယ်မဟုတ်ပါဘူး ကိုယ့်ဖေဖေ မသေခင်ပြောသွားတဲ့ စကားလေးကို အမှတ်ရလို့ပါ”
“နေပါဦး ကိုကိုစိန် ဖေဖေက ဘာတွေပြောလို့လဲ”
“ငါ့သားတဲ့ အိမ်ထောင်မပြုဘဲနေရင် ကောင်းမယ်တဲ့။ ဘာဖြစ်လို့လဲဆိုတော့ အိမ်ထောင်ပြုလိုက်ပြီဆိုတာနဲ့ နောင်တတွေ တစ်လှေကြီးရမယ်လို့ ပြောခဲ့သကွ”
“ဘာ ရှင်နော်၊ ရှင်ရှင်…”
 
Credit - ကိုရွှေတောသား

No comments