အော်-သနားစရာ
ကာကွယ်ရေးဝန်ကြီး ။
"ကျုပ်တို့ကာကွယ်ရေးဝန်ကြီးဌာနက အဆဲခံရဆုံး နိုင်ငံရဲ့လုံခြုံရေးကို ကာကွယ်ပေးရတာ ဒါကြောင့် ကျုပ်တို့ဝန်ကြီးဌာနကို
လူတွေက ဂရုစိုက်ကြရတယ် ကြောက်လည်းကြောက်ကြရတယ် ဒါကြောင့် ကျုပ်တို့ဌာနသာ အဆဲခံရဆုံးဗျ"
ကာကွယ်ရေး ဝန်ကြီးက ဖုန်းတချက်ဆက်ပြီး ဒုံးကျည်တစ်လုံး စမ်းသပ်ပြီး ပစ်ပြခိုင်းလိုက်သည်...၊
ခဏနေတော့ သတင်းတွေဝင်လာသည်
"လူများမှာ ရုတ်တရက် ထိတ်လန့်လျက်ရှိ ငါးမိနစ်ခန့်အကြာမှာ ပုံမှန်အတိုင်း သွားလာလှုပ်ရှားလျက်ရှိ"
သတ္ထုတွင်းဝန်ကြီး။
"တကယ်က ကျုပ်တို့ဝန်ကြီးဌာနကသာ အဆဲခံရဆုံးဗျ ခဏစောင့်ကြည့်လိုက်
သတ္ထုတွင်း ဝန်ကြီးက ဖုန်းတချက်ဆက်ပြီး တိုင်းပြည်၏ အကြီးဆုံးကျောက်စိမ်းတုံးကြီး၊ကြေးနီတောင် စီမံကိန်းကြီး ဈေးပေါပေါနဲ့ တရုတ်ကို လုပ်ခွင့်ပေးလိုက်တယ်လို့ သတင်းစာထဲထည့်ခိုင်းလိုက်သည် ခဏနေ သတင်းတွေတက်လာသည်
"ပြည်သူများမှာ သုံးမိနစ်ခန့် ဝန်ကြီးဌာနကို ဝိုင်းဆဲကြကြောင်း "သတင်းဝင်လာသည်..
ဘဏ္ဍာခွန်ဝန်ကြီး။
ဖုန်းတချက် ဆက်လိုက်ပြီး
အခွန်တိုးမြှင့်ကြောင်း ကြော်ငြာခိုင်းလိုက်သည်
"လူတွေမှာ ခဏသာ ဝိုင်းဆဲကြကြောင်းသတင်းဝင်လာသည်"
လျပ်စစ်ဝန်ကြီး ။
ဖုန်းတချက်ဆက်လိုက်သည်
အစည်းအဝေးခန်းတခုလုံး မှောင်ကျသွားသည်
ကျန်တဲ့ဝန်ကြီးပေါင်းစုံ လျှပ်စစ်ဝန်ကြီးကို ဝိုင်းဆဲကြလေသည်။
ခိခိ ......အနိုင်ရရှိသွားသူကတော့.........:P
Credit -မှတ်စုကြမ်း
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment