ဘာမှားနေလို့လဲ
နှလုံးသွေးကြောကျဉ်းဝေဒနာဖြင့် တင်ဝင်းတစ်ယောက်ဆေးရုံမှ ဆင်းလာပြီး ရပ်ကွက်ဆေးခန်း၌ သွားပြ၏။ ဆရာဝန်က-
“ခင်ဗျား အရက်သောက်တတ်လား”
“သောက်တတ်တာပေါ့ ဆရာရယ်။ ဒါပေမဲ့ ဆေးရုံကဆင်းကတည်းက အရက်မသောက်ပဲ ဖြတ်ထားရတယ်ဆရာ”
“ဟာ အဲသလို မလုပ်ရဘူးလေ။ အရက်ဆိုတာ သောက်တတ်ရင် ဆေးပဲဥစ္စာ၊ သွေးကြောလေကြော တွေ ပွင့်သွားရလေအောင် တစ်နေ့ကို ထမင်းစားခါနီး အနည်းဆုံး နှစ်ပက်တော့ သောက်ပေးသင့်တယ်”
သို့ဖြင့် ဇိုးငနဲ တင်ဝင်းလည်း အားရဝမ်းသာဖြစ်ကာ ဇိုးငနဲ အပေါင်းအသင်းများထံ သွားလျက် ဆရာဝန်ခွငိ့ပြုချက်အရဆိုတာ တစ်နေ့ နှစ်ပက်ကျ ဝင်တွယ်လေတော့၏။
တစ်ပတ်ခန့်ကြာသော် တင်ဝင်း၏ သောက်နှုန်းမှာ နှစ်ဝက် မဟုတ်တော့။ ခြောက်ပက် ဖြစ်လာ၏။
“ဟာ ဟေ့ကောင်တင်ဝင်း၊ မင်းကို ဆရာဝန်ညွှန်ကြားထားတာက နှစ်ပက်ပဲသောက်ဖို့ မဟုတ်လား”
“ဟုတ်လား”
“ငါ သွားပြတဲ့ ဆရာဝန်က တစ်ယောက်တည်း မဟုတ်ဘူး၊ သုံးယောက်တောင်မှကွ။ သူတို့က နှစ်ပက်စီသောက်လို့ဆိုတော့ ဆရာဝန်တစ်ယောက် နှစ်ပတ်နှုန်းမို့ သုံးယောက်ဆိုတော့ ခြောက်ပက်ဖြစ်သွားရတာလေကွာ။ ကိုင်း ငါ ဘာမှားလို့လဲ”
“သေလိုက်ပါတော့ကွာ”
Credit - ကိုရွှေတောသား
Post a Comment