Header Ads

ဆရာမှာ၊မှာတဲ့အတိုင်း

သူငယ်ချင်းနှစ်ဦး လမ်းတွင်ဆုံမိကြသည်။
“ဟေ့ကောင် ဝင်းမောင်၊ ဘယ်ကပြန်လာတာလဲ။ မျက်နှာလည်း မကောင်းပါလား”
“အလုပ်ကပြန်လာတာပါကွာ။ သည်ကနေ့ ဘာဖြစ်တယ် မပြောတတ်ဘူး။ ဘာလုပ်လုပ် ဘာကိုင်ကိုင် တလွဲလွဲ တချော်ချော်နဲ့၊ ဒါ့ကြောင့် ငါ့ဆရာက ဟောက်တာပေါ့”
“သြော်…. ဒါကြောင့်ကိုး၊ မင်းဆရာက ဘယ်လိုမျိုးဟောက်လွှတ်လိုက်လို့လဲ ပြောစမ်းပါဦး”
“ဘယ်လိုဟောက်လွတ်သလဲဆို အလကားကောင်၊ မင်း လူ့ပြည်မှာနေဖို့ မကောင်းဘူး၊ ငရဲပြည်တန်းသွား လို့ ဟောက်လွှတ်တာကြောင့် ဆရာပြောတဲ့အတိုင်း ငရဲပြည်ကို တန်းသွားမလို့ပါကွာ”
“ဟာမဟုတ်သေးဘူး။ ဘယ်မှာလဲ ငရဲပြည်”
“ငါ့မိန်းမ မြင့်မြင့်ရီရှိနေတဲ့ ငါ့ရဲ့ အိမ်ကိုပဲ လေကွာ”
“အယ်”
 
Credit - ကိုရွှေတောသား

No comments