ရှက်ဖို့ကောင်း
အသက် ၁၀ နှစ်သမီးလေး ရှယ်လီ၏ သူငယ်ချင်းများသည် သူတို့အိမ်များ၌ ခွေးများ မွေးထားသည်ကို ရှယ်လီတွေ့တွေ့နေရသဖြင့် သူလည်း ခွေးချစ်တတ်သောကြောင့် အိမ်တွင် ခွေးတစ်ကောင်မွေးရန် မိခင်ဖြစ်သူကို ပူဆာသည်။ မိခင်က ပြတ်ပြတ်သားသားငြင်းသည်။ မိမိတို့အိမ်တွင် ဘာတိရစ္ဆာန်မှ မမွေးရဟု ဆို၏။ ထို့ကြောင့် ခွေးမမွေးဖြစ်။
တစ်နေ့တွင် ရှယ်လီနှင့် မိခင်ဖြစ်သူတို့ ရုပ်မြင်သံကြားကြည့်နေကြသည်။ အစီအစဉ်ထဲတွင် ခွေးအကြောင်း ပါလာသည်။ ခွေးနှင့်လူတို့ တရင်းတနှီးနေထိုင်ကြပုံ၊ ခွေးလိမ္မာကလေးများနှင့် လှုပ်ရှားပုံများကို ပြသပြီး အစီအစဉ်ကြေညာသူက…
‘ကျွန်တော်တို့ကို တိုင်းပြည်မှာ ခန့်မှန်းခြေအရ ခွေးကောင်ရေ ငါးဆယ်သုံးသန်းခန့်ရှိပါတယ်’ဟု ကြေညာသွားသည်။
ထိုအခါ ရှယ်လီက မိခင်၏လက်ကို ကိုင်လှုပ်ပြီးပြောလိုက်သည်မှာကား….
‘ကြားလားအမေ၊ သမီးတို့ တိုင်းပြည်မှာ ခွေးကောင်ရေ ငါးဆယ့်သုံးသန်းတောင် ရှိသတဲ့၊ အဲ့ဒါ သမီးတို့အိမ်မှာ တစ်ကောင်မှ မရှိတာ ရှက်စရာကောင်းလိုက်တာ’ ဟူ၏။
Credit - စိန်ငှက်ရိုး
Post a Comment