ခိုင်လုံလှစွာ
ရဲစခန်းတစ်ခု၌ ဖြစ်၏။ စခန်းမှူးဖြစ်သူက ၎င်း၏ရှေ့တွင် သတိဆွဲကာ ရပ်နေသော နယ်ထိန်းအား ပြောဆိုနေ၏။
“ဟေ့ကောင် အောင်ကြီး၊ မင်းနှယ်ကွာ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ဖြစ်ပြီးတော့ ကိုယ့်ရှေ့က ဆွဲကြိုးဖြတ်၊ ဆိုင်ကယ်နဲ့ မောင်းပြေးသွားတဲ့ ခါးပိုက်နှိုက်၊ အလစ်သုတ်၊ လုယက်သမားကို မိအောင်မဖမ်းနိုင်တာ ရှက်စရာကောင်းလိုက်တာကွာ၊ ပြောစမ်း မင်းမရှက်ဘူးလား”
“ရှက်ပါတယ် ဗိုလ်ကြီး”
“ဟ ရှက်တယ်ဆိုရင် အစတည်းက မိအောင်ဖမ်းလိုက်ပါတော့လား။ လက်ထဲမှာလည်း သေနတ်ရှိနေတဲ့ ဥစ္စာ”
“အဲ အဲဒီသေနတ်ကြောင့်ပေါ့ ဆရာရယ်။ သေနတ်ကို ကိုင်ထားရတော့ လက်မအားဘူး ဖြစ်နေတယ်။ ဒါကြောင့် မဖမ်းမိတာပါ ဗိုလ်ကြီးရယ်’
Credit - ကိုရွှေတောသား
Post a Comment