လက်ရေးက
မိတ်ဆွေနှစ်ဦး စကားပြောနေကြ၏။ အငြင်းအခုံလည်း ဖြစ်နေကြ၏။ ငြင်းခုံရခြင်းအကြောင်းမှာ…
“ငါကတော့ ဆရာဝန်တွေဟာ သူတို့လက်ရေးကို ပီပီသသ ရှင်းရှင်းလင်းလင်း ရေးသင့်တယ်လို့ ပဲ ပြောချင်နေတုန်းပဲကွ”ဟု ပြောလိုက်သဖြင့် ကျန်တစ်ဦးမှ ပြန်ပြောလိုက်သည်မှာကား…
“ဒီနေရာမှာ မင်းနဲ့ငါက သဘောကွဲလွဲပြီကွ၊ ငါဆို ငါ့ဆရာဝန်က ရေးပေးတဲ့ ပေးစာတစ်စောင်ကို အရင်းပြုပြီး မေတ္တာလက်မှတ်အဖြစ်နဲ့ နှစ်လုံးပေါက်ရုပ်ရှင်ကြည့်လိုက်ရတယ်၊ ပြီးတော့ အခမဲ့လက်မှတ်ဆိုပြီး ရထားစီးခွင့်ရတယ်၊ ခုဆိုရင် ငါ့သမီးတယောထိုးတဲ့နေရာမှာ ဂီတသင်္ကေတအဖြစ်တောင် သုံးနေပြီ” ဟူ၏။
Credit - စိန်ငှက်ရိုး
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment