Header Ads

ဘယ်သူရူးပါလိမ့်

စိန်မြင့်မားတစ်ယောက် လမ်းဘေးအုတ်ခုံတွင် ထိုင်ရင်း ပုဆိုးအောက်နားစဖြင့် ပါးပြင်ထက် စီးကျလာသော မျက်ရည်စတွေကို သုတ်နေ၏။ တစ်ရံတစ်ခါ ပါးစပ်မှလည်း “အရီး ဟီး ဟီး” ဟု မြင်းအီးပေါက်သကဲ့သို့ မြည်တမ်းဟစ် ကြွေးလျက်ရှိ၏။ ဤတွင် ဖြတ်သွားဖြတ်လာထဲမှ မုဆိုးဖိုတစ်ဦးဖြစ်သော ဦးကြည်ဝင်းဆိုသူက သွားရောက် စပ်စုလိုက်ချေ၏။
“ငါ့ညီ မြင့်မား၊ ဘာဖြစ်လို့များရှိုက်ကြီး တငင် ငိုကြွေးနေရတာလဲကွာ”
“အရီး  ဟီး ဟီး ဘာဖြစ်ရမလဲ အစ်ကိုကြီးရယ် ၊ ကျွန်တော်ကို တစ်လမ်းလုံးက အရူးလို့ပြောနေကြလို့။ တကယ်တော့ ကျွန်တော်က ရူးမှမရူးဘဲဟာ”
“အေးလေ မရူးရင်ပြီးတာဘဲ ဘာဖြစ်လို့များ အရာမဟုတ်တာကို အရာလုပ်ပြီး ခေါင်းထဲထည့်ရတာလဲကွာ။ တိတ်တိတ်၊ ဘာမှတွေးပြီး နာမနေနဲ့”
“နာရတာပေါ့ အစ်ကိုကြီးရယ် နာရတာပေါ့။ တကယ်တမ်းရူးနေတဲ့သူကျတော့ လူကောင်းလို့ ထင်ကြတယ်”
“ဟေ ဟုတ်လား ဘယ်သူများပါလိမ့်ကွာ”
“ဘယ်သူဖြစ်ရမှာလဲ အစ်ကိုကြီးလေ အစ်ကိုကြီးပေါ့။ မိန်းမသေပြီးကတည်းက မယားတရူး ရူးနေတာ ခုထိပဲ မဟုတ်လား’
“ဟာ …. ခွေးမသားလေး၊ မင်း …..မိုက်ရိုင်းလှချည်လား၊ တောက်”
သည်သို့ ရိုက်မောင်းပုတ်မောင်းလုပ်မည်ပြုစဉ် စိန်မြင့်မား တစ်ယောက်နေရာမှ သုတ်ခနဲထ၍ တစ်နေရာ၌ ကွေးနေအောင် ကနေလေသတတ်။
 
Credit - ကိုရွှေတောသား

No comments