Header Ads

လွဲပုံက

သူငယ်ချင်းမိတ်ဆွေနှစ်ယောက် ညကမက်သော အိပ်မက်များအကြောင်း အပြိုင်ပြောနေကြ၏။

တစ်ယောက်က သူသည် ကိုနေးကျွန်းသို့ ရောက်နေရာမှ မိုးပျံရထားကြီး ပျော်မြူးခဲ့ရပုံများကို ပြောပြသဖြင့် နောက်တစ်ယောက်က…

“ငါ့အိပ်မက်က မင်းထက်ကောင်းတယ်ကွ၊ ငါနဲ့ ရုပ်ရှင်မင်းသမီးကြီးဖိုဖီကိတ်နဲ့ အခန်းတစ်ခန်းထဲမှာ နှစ်ယောက်တည်းတွေ့ရတယ်ကွ၊ ဒါတင်မကသေးဘူး၊ လူခေါ်ခေါင်းလောင်းမြည်လာလို့ တံခါးကို သွားဖွင့်ပေးလိုက်တော့ ဘယ်သူလဲသိလား၊ မက်ဒေါနားခင်ဗျ” ဟု ပြောလိုက်သဖြင့် သူငယ်ချင်းက မချင့်မရဲဖြစ်ကာ…

“အာ….ဒါဆို မင်းတော့ ပွတာပဲ၊ ဘယ်တစ်ယောက် ညာတစ်ယောက်နဲ့ပေါ့ ၊ ဒါနဲ့တောင် ငါ့ကို ဖုန်းမဆက်ဘူးကွာ” ဟု ပြောလိုက်သဖြင့် သူငယ်ချင်းက ပြန်ဖြေလိုက်သည်မှာကား….

‘ဘာကွ…. ငါက မဆက်ဘဲနေပါ့မလားကွ၊ မင်းမိန်းမက မင်း ကိုနေးကျွန်းသွားလည်နေတယ်လို့ ဖြေတာကိုးကွ” ဟူ၏။


Credit - စိန်ငှက်ရိုး



အောင်မြင့်မြတ်(Myanmar Youths)

No comments