Header Ads

မေမေထံပေးစာ

သမီး နယ်ကနေ ရန်ကုန်ကိုတတ်ပြီး အလုပ်လုပ်တာ အဆင်ပြေပါတယ် မေမေ ဘာမှစိတ်မပူပါနဲ့ မေမေ။ 


မေမေ နေကောင်းရဲ့ လား သမီးလဲ အခုနေကောင်းနေပါပြီ လွန်ခဲ့တဲ့ သုံးလလောက်ကတော့ သမီး ဂေါင်းတွေနဲနဲမူးတယ်မေမေ

ဒါလဲစိုးရိန်စရာမရှိပါဘူး မေမေ။ဆေးမှားသောက်မိလို့ပါ ။ ဆေးမှားသောက်တယ်ဆိုတာလဲ စိုးရိန်စရာမရှိပါဘူးမေမေ ပါတီမှာတွေ့ တဲ့ ကောင်လေးတစ်ယောက်ကအချိုရေထဲကို ဆေးထည့် တိုက်လိုက်လို့ပါ။ဒါလဲစိုးရိန်စရာမရှိပါဘူးကိုယ်အိပ်ပျော်နေတဲ့ အချိန်မှာဘာတွေဖြစ်တယ်ဆိုတာ ကိုယ်ကိုတိုင်မှမသိတာ စိုးရိန်စရာမလိုပါဘူး။


စိတ်မပူပါနဲ့ မေမေရယ် ဆုံးရှံးနှစ်နာမူလဲ ဘာမှမရှိပါဘူး မနက်လင်းတော့  ကုတင်အောက်မှာ သမီးရဲ့  လုံခြည် အင်္ကျီတွေလဲအကုန်ပြန်တွေ့ တယ်လေ အားလုံးပြည့် ပြည့် စုံစုံတွေ နေမှတော့ ဘာစိတ်ပူစရာလိုလဲမေမေရယ်


အဲဒီကောင်လေးက သဘောကောင်းတယ်မေမေရဲ့  သမီးကိုလေအပြင်ကိုခနခနခေါ်ပြီး အချိုရေတွေတိုက်တယ်မေမေရဲ့ 

သမီးသူနဲ့ ဖြစ်နိုင်ရင်အမြန်ဆုံးလက်ထပ်ချင်တယ် မေမေရဲ့  ဘာလို့ လဲဆိုတော့  ဗိုက်ကတဖြေးဖြေးပူပူလာပီ ဒါလဲစိုးရိန်စရာမရှိပါဘူး ဘာစိုးရိန်စရာလိုလဲ ကလေးမွေးပြီးရင် သူ့ပါသူပြန်ပိန်သွားမှာပဲလေ ဘာမှမပူပါနဲ့ မေမေ သူမယူချင်တော့ လဲ အကြောင်းလား အလှူလုပ်တယ်လို့ သဘောထားလိုက်တယ်။ မေမေတို့ သမီးတို့  မိဘမဲ့ ကျောင်းမှာမလှူရတာကြာပြီလေ ဒီကလေးမွေးရင် တစ်ခါထဲ တန်းလှူလိုက်လို့ ရတယ်လေ ဒီကလေးကို အမြန်ဆုံးမွေးချင်တယ် မေမေ ဘာလို့ လဲဆိုတော့  တစ်သားမွေးရင်တစ်သွေးလှတယ်တဲ့  ဆယ်ယောက်လောက်မွေးရင်တော်တော်လှမှာပဲနော်


အခုတော့ ဘာမှစိတ်ပူစရာမရှိပါဘူးမေမေဘာလို့လဲဆိုတော့ သမီးကိုယ်ပေါ်မှာ အနာလေးတွေပေါက်နေလို့ ဆရာဝန်ကပြောတော့ ကူးစက်ရောဂါတဲ့ ဒါလဲ ပူစရာမလိုပါဘူး ကူးစက်ရောဂါဆိုမှတော့  ကိုယ့်စီမှာ ကြာကြာမနေပါဘူး သူများစီကူးသွားမှာပါ။ မေမေမပူပါနဲ့ နော် ဒီကလေးမွေးပြီးရင် ကြုံရာလူနဲ့ အမေစီ ထိုးထည့်ပေးလိုက်ပါမယ်။


နောက်ကြုံရင်စာပြန်ရေးပါမယ်မေမေ 

မေမေ ချစ်သမီး


Credit - လှတောသားး



အောင်မြင့်မြတ်(Myanmar Youths)

No comments