မကောင်းရင်ဆွဲဆိတ်
ဂျွန်တို့ဇနီးမောင်နှံသည် သားကလေးတွမ်မီကို ခေါ်၍ ရှပ်ရှင်ဝင်ကြည့်ကြ သည်။ ကလေးက ငိုယိုအော်ဟစ်နေသဖြင့် ရုံစောင့်က ကလေးအငြိမ်မနေရင် ရုံဝင်ခပြန်အမ်း၍ ပြန်ရမည်ဖြစ်ကြောင်း သတိပေးစကားလာပြော၏။
ရုပ်ရှင်ဇာတ်ကားပြ၍ တစ်ဝက်အကျော်တွင်မူ ဂျွန်က သူ့ယောကျာင်္းအား နှစ်ကိုယ်ကြား ကပ်မေးလိုက်လေ၏။
“ရုပ်ရှင်ကို ဘယ်လိုသဘောရသလဲ”
“မစွံပါဘူးကွာ၊ အတော်ညံ့တာပဲ’
ဟု ပြန်ပြောလိုက်သဖြင့် ကလေးအမေက ပြန်ပြောလိုက်သည်မှာကား….
“ဒါဖြင့် ကလေးကို ဆွဲဆိတ်လိုက်တော့မယ်”ဟူ၏။
Credit - စိန်ငှက်ရိုး
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment