Header Ads

စောင်းတာရွဲ့တာမဟုတ်ပါ

အမြဲတမ်း မွမ်းမံဆင်ယင် ခြယ်သနေရမှ ဘဝင်ကျသော မိန်းမနှင့် မေ့လျော့တတ်သော ယောကျာင်္းတို့ ဖူးစာဖက်မိကြလေ၏။


သည့်အတွက် ပျားရည်ဆမ်းခရီးတစ်ခုထွက်ရန် သဘောင်္ဆိပ်ရှိရာသို့ ဆင်းခဲ့ကြလေ၏။ မိန်းမဖြစ်သူ ယူဆောင်လာသော အလှပြင်ပစ္စည်းတို့မှာ မနည်းမနော။ သဘောင်္ထွက်ရန်ကား မိနစ်ပိုင်းမျှသာလိုတော့သည်။ ဤတွင် ယောကျာင်္းထံမှ ပွစိပွစိ စကားသံများ ထွက်ပေါ်လာလေ၏။


“တောက်…. မှန်တင်ခုံကြီးပါ တစ်ခါတည်းယူချလိုက်၇င် အကောင်းဆုံးပဲ”

သည်စကားကြားတော့ မိန်းမကလည်း သူ့ကို ရွဲ့စောင်း ပြောဆိုရပါ့မလား ဟုဆိုကာ အငေါ်တူးလေ၏။


“ဒါ ရှင် ကျွန်မရဲ့ ဝါသနာကို ကဲ့ရဲ့လိုစိတ်နဲ့ ငေါ့ပြောလိုက်တာပေါ့နော် ဟုတ်လား”


ဤတွင် ယောကျာင်္းကလည်း ပျာပျာသလဲဖြင့် လက်ဝါးလေးတစ်ခါခါလုပ်ကာ-

“မင်းကို စောင်းတာ ရွဲ့တာမဟုတ်ရပါဘူးကွာ၊ မေ့တတ်လွန်းတဲ့ ငါ့ဦးနှောက်ကို ဘဝင်မကျလို့ဟေ့။ ဘာဖြစ်လို့ဆို သဘောင်္လက်မှတ် နှစ်စောင်လုံး မင်းမှန်တင်ခုံအံဆွဲထဲမှာ ကျန်နေခဲ့လို့ကွ ကျန်နေခဲ့လို့..”


“ရှင်..”


Credit -ကိုရွှေတောသား



အောင်မြင့်မြတ်(Myanmar Youths)

No comments