Header Ads

အရွေးမတော်တစ်လှမ်း

တစ်ခါက လူသုံးယောက်မျက်စိလည် လမ်းမှားပြီး တောအုပ်တစ်ခုထဲသို့ ရောက်သွားကြသည်။ ထိုတောအုပ်တွင် ကြီးစိုးနေသော ဘီလူးတစ်ကောင်က သူတို့သုံးယောက်အား ဖမ်းလိုက်သည်။ ထို့နောက် အခွင့်အရေးတစ်ခုအနေနဲ့ သူတို့သုံးယောက်အား မိမိကြိုက်နှစ်သက်သော အသီးတစ်လုံးစီအား ခူးယူခိုင်းလေသည်။ ပြီး ထိုအသီးများကို အသံမမြည်အောင် မျိုချခိုင်းလေသည်။ ပထမလူက ပန်းသီး မျိုရလေသည်။ အသံမြည်သွား၏။ ထိုလူအား ဘီလူးက သတ်လိုက် သည်။ ထိုလူသေပြီး တမလွန်သို့ ရောက်သွားသည်။ သိပ်မကြာခင် တတိယလူရောက်လာသည်။
ပထမလူ- ဟေ့လူ ခင်ဗျားက ဘာအသီးမျိုလိုက်လို့ ဒီကိုရောက်လာတာလဲ
တတိယလူ- စပျစ်သီးပါ
ပထမလူ- ဟာဗျာ… စပျစ်သီးမျိုတာတောင် အသံမြည်ရတယ်လို့
တတိယလူ- မဟုတ်ပါဘူးဗျာ.. ဒုတိယလူ မျိုတာကိုကြည့်ပြီး ရယ်လိုက်လို့ပါ
ပထမလူ- နေပါဦးဗျ… ဒုတိယလူက ဘာအသီးမျိုလိုက်လို့လဲ..
တတိယလူ- ဒူးရင်းသီးပါ..။
 
Credit – Funny

No comments