Header Ads

မီးတစ်တို့လောက်

ကိုချူချာအား ၀မ်း စစ်ရန်လိုအပ်သည်ဟု ဆရာဝန်ကပြော၏။

မနက်စောစော ထသွားသော ၀မ်းကိုသာ ယူခဲ့ရန်လည်းမှာ၏။

ဒါနဲ့မနက်ဖက်တွင်သစ်သား မီးချစ်ဗူး အလွတ်တခု ထဲသို့ အစစ်ခံမည့်ပစ္စည်း ( ၀မ်း ) ကို ထဲ့ကာ ဆေးရုံသို့ ယူသွားသည်။ 


တရက်ကြာသွားသည် ကိုချူချာ အိမ်ပြန်မရောက်လာချေ။

နှစ်ရက်၊ သုံးရက်ကြာသွား၏။ ကိုချူချာကား ပေါ်မလာချေ။

မိန်းမဖြစ်သူမှာ စိတ်ပူလာကာမိတ်ဆွေသူငယ်ချင်းများထံ ဖုန်းဆက်၏ ။ရောက်မလာကြောင်းပြောကြသောအခါ ပို၍စိတ်ပူလာ၏။


ဆေးရုံ သို့ သွားရောက် စုံစမ်းရန် ဆုံးဖြတ်လိုက်သည်။ ဆီး၊ ၀မ်း ၊သွေး စသည်တို့ကို စစ်ဆေးသော ဓါတ်ခွဲခန်းမှ တာဝန်ကျသူများကိုမေးရာ သူတို့လဲ ဘာမှ မသိကြောင်းဖြေ၏။ဤ တွင် သန့်ရှင်းရေးအလုပ်သမားကကိုချူချာ့မိန်းမ အား လှမ်းပြော၏။


" ခွဲစိတ်ဆောင်ကိုသွားကြည့်ပါလားဗျ။အဲဒီမှာ ယောက်ကျားကြီး တစ်ယောက် ရောက်နေတာ သုံး လေး ရက်လောက်ရှိပီဗျ။ ခင်ဗျား ယောက်ကျား ဖြစ်ချင်ဖြစ်နေမှာ "

စကားမဆုံးမီ စိုးရိမ်စိတ်ဖြင့် ခွဲစိတ်ဆောင်ဘက်သို့အပြေးသွားလိုက်မိ၏။


ခွဲစိတ်ဆောင်အတွင်းကုတင်ပေါ်တွင်ကား မျက်နှာတခုလုံး ပတ်တီးစီးထားသော ယောက်ကျားဖြစ်သူကို ရင်နင့်ဖွယ်ရာ မြင်လိုက် ရ၏။ ဇနီးဖြစ်သူလဲ ငိုယိုပီး ယောက်ကျား ကိုမေး၏


" ကိုချူချာ၊ ရှင်ဘယ်လိုဖြစ်ရတာလဲ။ ရှင့်ကို ဘယ်သူတွေကများ ခုလို ရက်ရက်စက်စက် လုပ်လိုက်ကြတာလဲဟင်...ပြောပါအုန်းရှင် "

ထိုအခါ အားယူရင်း ကိုချူချာ ပြန်ဖြေလိုက်တာက.....

" ဘာမှ မမှတ်မိတော့ပါဖူး မိန်းမရာ။ အဲ...ဒါပေမဲ့ မီးတစ်တို့လောက်ဆိုပီး လူသုံးယောက် ငါ့ဆီကတောင်းတာကိုပဲ နောက်ဆုံးမှတ်မိတော့တယ် ကွာ "
....တဲ့


Credit – ဟာသပုံပြင် 



အောင်မြင့်မြတ်(Myanmar Youths)

No comments