ဘိုးဘိုးကိုလွမ်းလို့ပါ
ဘိုးဘိုးကွယ်လွန်သွားပြီး နောက်တစ်နေ့သော ညနေချမ်းတွင် ကျွန်မ၏ညီမငယ်သည် အိပ်ရာပေါ်တွင် ကွေးကွေးလေးအိပ်လျက် ဝမ်းပန်းတနည်း ငိုကြွေးနေလေသည်။
“သမီးလေး….. ဘာဖြစ်လို့လဲကွယ်”
မေမေက တယုတယမေးသည်။
“ဘိုးဘိုးကို လွမ်းလို့ပါ၊ ဘိုးဘိုးရှိတုန်းက စိတ်ညစ်စရာရှိရင် ဘိုးဘိုးကို ပြောပြလို့ရတယ် မေမေရဲ့”
ညီမငယ် ကယ်လ်ရိုးက ပြန်ဖြေသည်။
“မေမေ နားလည်ပါတယ် သမီးလေးရယ်၊ မေမေလည်း လွမ်းတာပဲပေါ့၊ ဒါပေမဲ့ သမီးလေး စိတ်ညစ်နေတာ မေမေ့ကို ပြောပြလို့ မဖြစ်ဘူးလားကွယ်”
ကယ်လ်ရိုးက ခေါင်းကို သွက်သွက်ခါအောင် ယမ်းလိုက်သည်။
“ဘာဖြစ်လို့လဲ သမီးလေး”
မေမေက ဇွတ်အတင်းမေးနေသဖြင့် ကယ်လ်ရိုးမဖြေလို့မရတော့သည်နှင့် ဖြေလိုက်ရသည့်စကားမှာကား….
“ဘာလို့လဲဆိုတော့ မေမေတို့ မမတို့ အမကောင်းတွေဖြစ်နေလို့ပါ မေမေရဲ့ ဟင့်….ဟင့်…” ဟူ၏။
Credit - စိန်ငှက်ရိုး
Post a Comment