Header Ads

ဒါမျိုးလာကျောလို့ကတော့ ဘယ်ရမလဲ
အမေရိကန် တိုးရစ်တစ်ယောက်သည် မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်နေရင်း taxi ကားဖြင့် ရန်ကုန်မြို့ကို ပတ်လေသည်။

ဒရိုင်ဘာမှာ မြန်မာလူမျိုး ဖြစ်သည်။ သွားရင်းလာရင်းနှင့်  ဘုရင့်နောင် ဂုံးကျော်တံတားသို့ ရောက်လာသည်။ ထိုအခါ အမေရိကန်ကြီး မှ မေးလိုက်သည်။
” ဟေ့……. ဟိုတံတားက ဘာတံတားလဲ….”
” ဘုရင့်နောင်ဂုံးကျော်တံတား လို့ ခေါ်ပါတယ်……”
” တံတားဆောက်တာ ဘယ်လောက်ကြာလဲကွ……”
“၁နှစ်လောက်တော့ကြာ ပါတယ်….”
” ဒါမျိုးတံတားတွေကို ငါတို့ အမေရိကန်မှာ ဆို၇င် ၆လလောက်နဲ့ပြီးတယ်…..”

ထို့နောက် ဆက်မောင်းလာရင်း လှည်းတန်း တံတားနား ရောက်လာသည်။ အမေရိကန်တိုးရစ်မှ ထပ်မေးပြန်သည်။
” ဒါကရောဘာတံတားလဲဟ…”
“လှည်းတန်းကုန်းကျော်တံတားလို့ ခေါ်ပါတယ်……”
“ဘယ်လောက်ကြာလဲဆောက်တာ……”
” ၈လလောက်တော့ရှိတယ်….”
” အင်း…. ဒါမျိုးဆိုရင်တော့ ငါတို့ဆီမှာ ၂လလောက်နဲ့ ဆောက်လို့ရတယ်……”

မြန်မာလူမျိုးကားသမားသည် နည်းနည်းတော့ ဒေါသထွက်လာသည်။ ဒီအမေရိကန်တိုးရစ် သက်သက်လာ ကြွားနေတာခံရသည်။ ကားဆက်မောင်းလာရင်းနှင့် ရွှေခုံတိုင်ဂုံးကျော်တံတားပေါ်သို့ ရောက်လာသည်။ အမေရိကန် တိုးရစ်က မေးပြန်သည်။
” ဒီတံတားကရော ဘာတံတားလဲကားသမားက ပြန်ဖြေလိုက်သည်မှာ…
” ကျွန်တော်လည်း မသိပါဘူးခင်ဗျာ…….မနက်ကလာတုန်းက ဒီမှာ ဘာမှမရှိသေးဘူး……..”
ငင်..!!!
ငှင်းငှင်း…သေတောင်သွားဦး မယ်..
Credit – Original Writer

No comments