Header Ads

ဟာသလေးပါဗျာ

“ကြက်ပုံပြင်”
တခါက… ရွာစဉ်လှည့်ပြီး ကြက်သားလိုက်ရောင်းတဲ့ မအိမ်သစ်ဆိုတဲ့ ကြက်သည်ကောင်မလေးတစ်ယောက် ရှိတယ်။ တရက်… ကြက်လည်ရောင်းနေတုန်း အိမ်တစ်အိမ်က လူတစ်ယောက်ထွက်လာပြီး ခေါ်ဝယ်တယ်။ သူ့ကြက်သားဗန်းလေး ချခါရှိသေး အဲဒီလူက မေးတယ်… … “ညည်း ဒီကြက်တွေ ဘယ်က ဝယ်တုန်း” “ဒီလိုပဲ ရွာပေါင်းစုံက ဝယ်တာပါ”

အဲဒီလူက ကြက်တစ်ကောင်ကို ကိုင်ကြည့်ပြီး… … “ဒါ ဘယ်ရွာကကြက်လဲ” “မမှတ်မိဘူးရှင့်” “ဒါဆို ငါပြောပြမယ်…” … ဆိုပြီး ကြက်ဖင်ထဲ လက်ညိုးနဲ့ ထိုးကြည့်သတဲ့။ ပြီးတော့ ပြောတယ်…. … “ဒါ ညောင်ပင်သာရွာက” တခါ နောက်ကြက်တစ်ကောင်ကို ကိုင်ကြည့်ပြီး မေးပြန်တယ်… … “ဒါ ဘယ်ရွာကလဲ” “မသိတော့ဘူးရှင့်” “ဒါဆို ငါပြောပြမယ်…” … ဆိုပြီး ကြက်ဖင်ထဲ လက်ညိုးနဲ့ ထိုးကြည့်ပြန်တယ်။ ပြီးတော့ ပြောတယ်…. … “ဒါ ရွာသာအေးက” အဲ… နောက်တစ်ကောင်ကို ကိုင်ကြည့်ပြီး မေးပြန်ရော… …

“ဒါ ဘယ်ရွာကလဲ” “မပြောတတ်ဘူးရှင့်” “ဒါဆို ငါပြောပြမယ်…” … ဆိုပြီး ကြက်ဖင်ထဲ လက်ညိုးနဲ့ ထိုးကြည့်တယ်။ ပြီးတော့ ပြောတယ်…. … “ဒါ ဇရပ်ကွင်းရွာက” အဲလိုနဲ့ တစ်ကောင်ပြီးတစ်ကောင် မေးလိုက် သူ့ဟာသူဖြေလိုက် လုပ်နေတာ ကြက်တွေ ကုန်ရော။ အဲဒီမှာ… သူက ဆက်မေးတယ်…. ….

“ညည်းနာမည်က ဘယ်လိုခေါ်လဲ” “မအိမ်သစ်ပါ” “ညည်းကရော ဘယ်ရွာကလဲ” “ရွှမ်… မမှတ်မိ … မိ… ။ အဲ… အဲ… တဲစုက တဲစုက အဟီး တွားမယ်နော်” ကလေးမခမြာ သူ့ကြက်ဗန်းလေးကောက်ရွက်ပြီး ကသုတ်ကရက်နဲ့ ထွက်ပြေးပါလေရောတဲ့… ကိုင်း… ပုံပြင်လေးကတော့ ဒါပါဘဲကွယ်…. ဒါနဲ့… ကောင်မလေးက ဘာလို့ ထွက်ပြေးတာလဲ ငင်? Credit: သန်၎ကို

No comments