ရထဲကဆင်ခြေရာ
ကိုယ်တော်ရှင်မြတ်ပြီးငွေ့တော်မူသတဲ့၊ ဟဲ့...ပေါ်ဦး ယုံတမ်းစကားတစ်ပုဒ်၊ ယုတ္တိယုတ္တလာလည်းရှိစေပေါ့ဟဲ့၊ ကိုယ်တော်ရှင်မြတ် အငြီးတော်ပြေအောင် တင်စမ်းလဟယ်
တစ်ခုသောနေ့မှာ အတွင်းတော်၌ ဘုရင်မင်းမြတ် စံနေတော်မူတုန်း ဘုရင်မင်းမြတ်က မိန့်တော်မူတယ်၊ မိဖုရားကြီးမှာလည်း အပါးတော်တွင် ရှိနေသဖြင့် ဦးပေါ်ဦးအား မျှော်လင့် တကြီးနဲ့ ပြုံးပြီး ကြည့်နေတော်မူတယ်။
မှန်လှပါ၊ ကျွန်တော်မျိုး ရွှေနန်းတော်ကို အခစားဝင်ဖို့ အလာ မြစ်ထဲမှာ ဆင်ခြေရာကြီး မျောလာတာ မြင်ခဲ့ပါတယ်ဘုရား
ဦးပေါ်ဦးက အလျှင်အမြန်လက်အုပ်ချီတည့်ပြီး ယုံတမ်းစကားကို စတင် တင်လျှောက်လိုက်တယ်ဆိုရင်ပဲ....
"ယုတ္တိရှိရမယ်လို့ ပြောထားတယ်ဟယ်"
မိဖုရားကြီးက ၀င်ရောက်သတိပေးတယ်။
"မှန်လှပါ အမှန်တကယ်ပဲ ရေထဲမှာ ဆင်ခြေရာကို မြင်ခဲ့ရတာ ဖြစ်ကြောင်းပါဘုရား"
ယုတ္တိ မရှိပါဘူး ပေါ်ဦးရာ
ဘုရင်ကြီးက ညည်းတွားသံနဲ့ ပယ်ချတယ်။
ယုတ္တိအလွန်ရှိကြောင်းပါဘုရား။ ရေထဲမှာ ကျွန်တော်မျိုးမြင်ခဲ့ရတဲ့ ဆင်ခြေရာဟာ တစ်ခြာ်းမဟုတ်ပါဘူးဘုရာ့၊ အရှင်မင်းကြီး စီးတော်မူတဲ့ နိဗ္ဗာနပစ္စယနာဂဆဒ္ဒန် ဆင်ဖြူတော်ကြီး ခြေရာပါ ဘုရာ့
"မောင်မင်းစကားလွန်လာပြီပေါ်ဦး၊ ဆင်ခြေရာဟာ ဘယ်လိုလုပ်ပြီး ရေထဲမှာပေါ်နိုင်မှာလဲ၊ နင်တင်သလိုဆိုရင် ငါ့ဆင်ဖြူတော်ကြီးက မြစ်ရေပေါ်မှာ လမ်းလျှောက်နိုင်လို ဖြစ်မနေဘူးလား"
"အရှင့်ဆင်ဖြူတော်ဟာ ရေထဲမှာ လမ်းလျှောက်နိုင် မလျှောက်နိုင်ကိုတော့ ကျွန်တောမျိုးမသိပါဘုရား ၊ မသိပေမယ့် ဆင်ဖြူတော်ကြီး ရဲ့ ခြေရာ မြစ်ထဲမှာမျောလာတာကို မြင်ခဲ့ရတာမှန်ပါဘုရား"
"ရှုပ်သည်ထက်ရှုပ်လာအောင် မလုပ်နဲ့ မောင်မင်း၊ ယုတ္တိရှိရှိနဲ့ ရှင်းစမ်းဟဲ့"
မိဖုရားကြီး ကပါ ၀င်ပြီး ထောက်ရချေပြီ။
ရွှေနားဆင်တော်မူပါဘုရား၊ ဆင်ဖြူတော်ကြီးထားရာ ဆင်နန်းတော်အမှု ထမ်းမျာား ဆင်ဖြူတော်ကြီး အညစ်အကြေးစွန့်လျှင် စွန့်ချင်း မကျူံးမိပါဘုရား၊ ဒါကြောင့်ဆင်ဖြူတော်ကြီးက တက်နင်းတဲ့အခါ ခြေရာထင်သွားပါတယ်ဘုရား
ဆင်ခြေရာထင်နေတဲ့ မစင်ပုံကြီး ခြောက်သွေ့တော့မှ ဆင်အမှုထမ်းတွေဟာ ဆင်ချေးပုံကိုဖယ်ရှားနိုင်ပါတယ်ဘုရား။ ဒီအခါမှာ ဆင်ခြေရာထင်ရတဲ့ ဆင်ချေးပုံ အခြောက်ကြီး ဟာ မြစ်ထဲကို ပုံမပျက် အချပ်လိုက်ရောက်သွား၊
ပေါလော-ပေါလော နဲ့ မျောအလာမှာ ကျွန်တော်မျိုး မြင်ရတာမို့ ဆင်ခြေရာ ရေထဲမှာ မြင်ခဲ့ရကြောင်းလျှောက်ထားရတာပါဘုရား"
နင်ပြောလိုက်မှဖြင့် အဆန်းချည်းပဲ၊ ဆင်ခြေရာများ ရေပေါ်မှာ ပေါ်သတဲ့၊ အင်းမှတ်ထားကြပေတော့။။
ဘုရင်မင်းမြတ်ပြုံးစေ့စေ့ ပြောတော်မူတဲ့ အဆုံးမှာတော့ ခစားနေတဲ့ မောင်မိဿံ မှူးမတ်တွေ အုံးခနဲ ရယ်မောကြလေရဲ

Post a Comment