Header Ads

သိပ်နောက်ကျနေပြီ
~~~~~~~~~~~~~~
ရန်ကုန်မြို့ ဆင်ခြေ ဖုန်းဆင်းရဲသားရပ်ကွက်တစ်ခုတွင် ဆေးခန်းတခုရှိ၏။
ထိုဆေးခန်းတွင် MBBSဘွဲ့ရ ဆရာဝန်တစ်ဥိး ထိုင်၏။
ထိုဆရာဝန်သည် သူ့ထံသို့ လာသည့် လူနာတိုင်းကို ကြည့်ရှု့ပီး…..
” သိပ်နောက်ကျနေပီဗျာ..”….ဟု ပြောတတ်၏။
ထိုသို့ပြောဆိုသည်မှာ သူ့ကိုယ်သူ ကာကွယ်ခြင်းပင်ဖြစ်၏။
သူကုသ၍ မအောင်မြင်ပါက လူနာ၏ စိတ်တွင်..” သြော်…ဆရာက ပြောသားပဲ….နောက်ကျနေပီလို့…”.
ဟုတွေးကာ ဖြေသိမ့်နိုင်ကြမည်ဖြစ်သည်။
ကုသ၍ အောင်မြင်ခဲ့လျှင်လည်း….လူနာရှင်တို့က…..
” ဒေါက်တာကြီး..တော်ပါပေတယ်….သူကယ်လို့ အသက်ရှင်တာ..”…ဟု ချီးကြူးပြောဆိုကြမည်ဖြစ်သည်။

ထိုသို့ဖြင့်ထိုဆရာဝန်ကြီးသည် ထင်ရှားအောင်မြင်လာခဲ့သည်။
တစ်နေ့တွင် ဆရာဝန်ကြီးထံသို့ လူနာတစ်ဦးအား ထမ်းစဉ်ဖြင့် တင်၍ ခေါ်လာ၏။
လူနာမှာ လှေကားပေါ်မှ လိမ့်ကျ၍ ခြေကျိုးသွားခြင်းဖြစ်သည်။
လူနာကို ကြည့်၍ ဆရာဝန်ကြီးမှ ထုံးစံအတိုင်း ပြောလိုက်သည်မှာ….
” သိပ်နောက်ကျနေပီဗျာ…”…ဟူ၍ဖြစ်၏။
ထိုအခါ လူနာအားသယ်လာသူများမှ ဆူညံစွာဖြင့်……
” ဖြစ်ဖြစ်ချင်းပဲခေါ်လာတာပါ ဆရာ. နောက်မကျနိုင်ပါဘူး “..ဟု ပြောဆိုကြလေသည်။
ထိုအခါ ဆရာဝန်ကြီး ကြံရာမရဖြင့်ကျယ်လောင်စွာပြန်ပြောလိုက်ပုံမှာ……
” ဟာာ နောက်ကျတာပေါ့ဗျ ..  သူလိမ့်မကျခင်တည်းက ခင်ဗျားတို့ ခေါ်လာရမှာ”
” အင် !  “
Credit: ကိုလုံ

No comments