Header Ads

ပီယဆေးရှာကြသူများတဲ့

ကောင်လေး နေဝင်နေပြီလေ ဒီသချိုင်း ဘေး တစ်ယောက်ထဲ
ဘာလာလုပ် နေတာလဲ

ကျနော်
လား ဖြစ်ရပ်မှန်သရဲအကြောင်းတွေ ရေးတာကြာတော့ကုန်ကြမ်းရှားလာတယ်လေ ဒါကြောင့် သရဲလေးဘာလေးများခြောက်လေမလားလို့ တစ်ယောက်ထဲကုန်ကြမ်းလာရှာတာ

အမလေးးးလေ ကြီးမားလိုက်တဲ့ရည်ရွယ်ချက်နဲ့

ဒါနဲ့ဦးလေးကရော လွယ်အိပ်တစ်လုံးနဲ့ ဒီသချိုင်းကိုဒီအချိန်ကြီးဘာလာလုပ်တာလဲ

အေးဘာလာလုပ်လဲဆိုတာ ငါမင်းကိုနောက်မှပြောမယ်

မင်းငါ့ကို မသိဘူးလား

ဟင့်အင်းမသိဘူး

ဟေ ဆေးလောကမှာ ဒီလောက်အောင်မြင်နာမည်ကြီးနေတဲ့ ဆေးကုဆရာကြီးတစ်ယောက်ကိုတောင်မင်းကမသိပဲကို

ကဲပြောပါဦးလေးနာမည်

ဟားးးးဆေးဆြာကြီး အလောင်းစည်သူဆိုတာငါပဲကွ

ဗျာ

မဗျာနဲ့ ဟိုမှာကြည့်လိုက် အဲမြေပုံ အုပ်ဂူ မကျန် ငါကုထားတာတွေပဲကွ

အော် အတော်အစွမ်းထက်တဲ့ဆြာကြီးပဲ

ဟားးးစတာပါကွာ

ဒီမယ်ကောင်လေး ဒီနယ်တစ်ခွင်ကလေးလူကြီးမှန်သမျှ ငါကုလို့ကောင်းတာချည်းပဲ
ငါ့နာမည် ဆြာပေသန်း ပါကွာ

ဗျာ ခင်ဗျပြောတော့ဆေးကုကျွမ်းတဲ့ဆေးဆရာဆို အခုခင်ဗျ ကိုယ်တိုင်က ပေသန်း နေမှတော့
မယုံဘူးဗျာ

အာကောင်လေးကလဲ ဘာဒေလျှောက်ပြောရှက်စရာကြီး ဒါကနာမည်ပါကွ တကယ်တော့လည်းမင်းထင်သလိုမဟုတ်ပါဘူးကွ


ဘာလဲတကယ်တော့ကြိုးနဲ့တောင်ချည်ထားရသလား

အေးးး အာ ဟုတ်ပါဘူးကွာ ဒီကလေးနဲ့တော့

ကဲပါ ခုနဦးလေးဘာလာလုပ်သလဲ
ဆိုတဲ့အကြောင်းအရင်းကိုလည်းပြောအုံးလေ ဗျာ

အေး ဒီလိုကွ
ငါမင်းကိုမပြောခင် မင်းအတွက်အကျိုးကြီးကြီးမားမားရမယ်ဆို မင်းငါနဲ့လိုက်မလား

အင်းစဉ်းတော့စဉ်းစားစရာပဲ အကျိုးကြီးကြီးမားမားလည်းရမယ် ကျနော့်အတွက်လည်းကုန်ကြမ်းရမယ် ဆိုတော့
ဒါနဲ့ ကျနော့်အတွက် ဘာအကျိုးများရမလဲ ဗျ

ဒီမှာကောင်လေး ငါလိုချင်တာရပြီဆိုရင် ငါ့အတွက်တော့ချမ်းသာမယ်

မင်းအတွက်တော့ ပီယ အစွမ်းတွေရှိလာမယ် မင်းတို့ ခေတ်စကားနဲ့ ဆို ဆော်ကြည်ဆေးပေါ့

ကောင်လေးစိတ်ကူးမလွဲနဲ့
မင်းရုပ်ကလေး နဲ့ဒီဆေးသာထပ်ရှိလို့ကတော့ကွာ

ဆော်တွေကြည်ရောလားဗျ

မဟုတ်ဘူး မုဒိန်းမှု့နဲ့ထောင်ကထွက်ရတယ်ရှိမှာမဟုတ်ဘူးး

အန်~~~ ဒါဆိုမလိုက်ဘူးဗျာ

စတာပါကောင်လေးရယ် အဲဒီဆေးသာမင်းရလို့ကတော့
မင်းကိုမြင်သမျှ ကောင်မလေးတွေ
မရ ရင်မဖြစ် အသည်းအသန်ဝိုင်းကြိုက်ကြမှာငါ
မြင်ယောင်သေး

ဗျာဟုတ်လားး တကယ်ကြီးလားဦးလေး

တကယ်ပေါ့ကွ

တကယ်ဆို ရွှေမှုံရတီတစ်ယောက်ပဲပြန်ကြိုက်ရင်ကျနော်ကျေနပ်ပါပြီဗျာ

အေးကွာ မင်းပြောတဲ့ရွှေမှုံရတီတွေရော မတင်ရွှေတွေရော ကုလားမ မသန်းညွှန့်တွေရောအကုန်ကြိုက်မှာ

ကဲဒါဆိုလိုက်မယ်ဗျာ ကျနော်ကဘာလုပ်ပေးရမလဲပြော

ညနာရီပြန်တစ်ချက်ထိုးရင် အလောင်းတစ်ခုသွားဖေါ်မယ်

ဗျာ အလောင်းဖေါ်မယ် အာမမမလိုက်တော့ဘူး

ဟားးးးကောင်လေးကလဲ မင်းကသရဲကြောက်တယ်နဲ့ထင်တယ် မင်းပြောတော့ကုန်ကြမ်းရှာဖို့ သရဲအခြောက်တောင်လာခံတာဆို

ဒါတော့ဒါပေါ့ဦးလေးရယ် အထဲကြီးတော့ အဲဒိအချိန်ကြီးမှဘယ်ဝင်ရဲမလဲဗျ

ခက်နေပါရောလားကောင်လေးရယ်

ဒီမယ်ကောင်လေး သဲရဲသစ္ဆေ စုန်း ကဝေ ငါမကြောက်ဘူးကွ ငါတစ်ယောက်လုံးးးရှိတယ် အဲဒိသရဲတစ္ဆေ စုန်းကဝေတွေ ငါနဲ့တွေ့ရင်ပြားပြားဝတ် ပဲ

ဦးလေးကဘယ်လိုလုပ်လိုက်လို့ လဲ

ဟဲဟဲ နိပ်ပေးမယ်လေလို့ပြောလိုက်တာလေ

သူတို့လည်းအကြောတတ်မှာပေါ့ကွာ ဟားး

ဟာဗျာအကောင်းမှတ်လို့ဗျာ

စတာပါကွာ

ဦးလေးကလဲ စလို့ကိုမပီးနိုင်ဘူး

တကယ်ပါ ဒီ သဲရဲတစ္ဆေတွေဘယ်လောက်အကောင်ကြီးပါစေ ငါ က ဟိတ် ဆိုတာနဲ့ ပြေးတာတန်းနေတာပဲ

မင်းမယုံရင် ငါလက်တွေ့ပြလိုက်ချင်သေး

ကဲအဲလိုသေချာရင်လိုက်မယ်

အေးအဲဒီလိုလုပ်စမ်းပါကွယောကျာ်းဆိုတာသတ္တိရှိရတယ်

ကဲပြောပါဦး ဦးလေးက ဘယ်အလောင်း သွားဖေါ်မှာလဲ

အေးပြောပြမယ် လွန်ခဲ့တဲ့သုံးရက်က ဟိုဘက်ရွာက ကလေးမီးမဖွား နိုင်
လို့သေ သွား တဲ့ ဦးသန်းမောင် အသက် ၄၅ နှစ်ဆိုတာလေ မင်းသိလား

ဟာဗျာ ဦးလေးကလဲ ဦးသန်းမောင်ဆိုမှတော့ ကလေးမီးမဖွားနိုင်တယ်ရှိမလားဗျ
နောက်ပြန်ပြီဗျာ ရှုပ်နေတာပဲ

မနောက်ဘူးကောင်လေး မင်းကဦးသန်းမောင်အကြောင်းမသိသေးပဲ ကိုးး

ဦးသန်းမောင်ဆိုတာ တကယ်တော့မိန်းမကွ ငယ်ငယ်ထဲက ယောက်ျားစိတ်ပေါက်ပြီး ယောက်ကလျှာကြီးပေါ့ကွာ

အဲဒါမိန်မယူမယ်ဆိုပြီး မြို့ကအလည်လာနေတဲ့ နတ်ကနား မယ်နတ်ကတော်မိန်းမစိတ်ပေါက်နေတဲ့အခြောက်ကြီးကိုယူပါလေရောလား

ဟင် ဒါဒါ ဆို ဘယ်နဲ့

အေးးးအဲဒိမင်းပြောတဲ့ ဘယ့်နဲ့ က
တော့သူ့သဘာဝအတိုင်း မိန်းမကပဲ ကိုယ်ဝန်ဆောင်ရတာပေါ့

ဒါပေမဲ့စိတ်ကတော့မပြောင်းဘူးဟေ ဗိုက်ကြီးနဲ့လယ်ထွန်တယ်ဟ

ဟေ

ဟိုအခြောက်မ ကအိမ်မှာထမင်းချက်တယ်လေ

ဟာ

မဟာနဲ့ မင်းအဲလိုအခြောက်မမျိုးဖြစ်ချင်နေပြီလား

ဟာဗျာ

အေး မိန်းမတန်ပေမဲ့ လယ်ထွန် ပင်းပန်းလို့လားမသိ မီးဖွားရင်သေတယ်ဆိုပါတော့
အင်း အဲအလောင်းဗိုက်ထဲက ကလေးကို ငါးရက်အတွင်းရရင်
ငါလည်းသူဌေးဖြစ် မင်းလဲပီယအစွမ်းပြ
ကိုင်းးပြောနေကြာတယ် သန်းခေါင်ရောက်ပြီ
မင်းလုံးဝမကြောက်နဲ့ငါ့နောက်ကသာနေ ငါပြမယ်ငါက ဟိတ်ဆို
ပြေးကုန်ရော

~~~~~~~~~~~~

အောဝမ့် ~~~~~အော့ အော့ဝမ့်~~~~~အန်းးးးးးး

ဦးလေး ကလေးငိုသံတွေကြားတယ်နော်

အေး နို့မတိုက်ဘူးထင်ပါရဲ့ အာကွာ
မှားကုန်ပြီ မင်းလုပ်တာနဲ့
မှင်ဆာလေးတွေက ကလေးသရဲလေးတွေ
မင်းမကြောက်နဲ့ လက်နိပ်ဓာတ်မီးသာထိုး
အသံကြားတဲ့နေရာကို ဘာမှမပူနဲ့သက်လား

ဟုတ်ဟုတ်

အီးးးးးဟီးးးးးးးးဟီးးးးးးးအီးးးးးးဟီးးးးးးးးးးးးးး

ဟာဦးလေး ရီတာလားငိုတာလားမသိဘူးဗျာ
မိန်းမကြီးအသံကကြောက်စရာကြီးဗျာ

ငိုတာကွ သရဲမကြီးထင်တယ်
မကြောက်နဲ့ ငါဟိတ်ဆို ပြေးရော

အားးးးးးးးးးဟားးးးးးးးဟားးးးးးးးဟားးးးးးးးးးးးးးး

ဟာဦးလေး ရီသံကြီးက ဗျာဆိုးလိုက်တာကြောက်လာပြီဗျှ
အပုပ်နံ့တွေကလည်းနံဆော်နေတာပဲဗျာ

ဟားးးးးးးဟားးးးးးဟားးးးးးးးးးး

ဦးလေး ဟိုမှတွေ့လား မျက်လုံးကြီး ၂လုံး
နီရဲနေတာပဲ

အေးဟ မမမကြောက်နဲ့ကောင်ကောင်လေး

ဦးလေးကမကြောက်နဲ့သာဆိုတယ်ဦးလေးအသံ
တွေတုန်လာသလိုပဲ

မင်းးမင်းးထင်လို့ပါကွာ

ဦးလေး သေးဆော်တွေ နံတယ် ဦးလေးသေး
များထွက်ကျလား

ဟေ အေးဟ ကြောက်လို့တော့ဟုတ်ဟုတ်
ပါဘူးကွာ သေးပေါက်ချိန်မမမရလို့ပါ

ဟားးးးးးးးးဟားးးးးးးးးးးဟားးးးးးးးးသရဲမကြီးအသံ

ဦးလေး သရဲမ ကနီးလာပီနော် အခြေနေ မကောင်းဘူးးထင်တယ်

အအသာနေစမ်းပါ ဟ ငါငါဟိတ်ဆို ပြေးမှာပါ

အင်း သရဲမနီးလာပီလေ ဟိတ်တော့လေဦးလေး

ဟားးးးးးးးးးးးးးဟားးးးးးးးးးးးးဟားးးးးးးးးးးးးးးး

ဦးလေး ဆံပင်အရှည်ကြီးနဲ့ ဗျာ မိန်းမကြီး
နှာခေါင်းလည်းမပါဘူး ဗျ ကြောက်နေပြီဗျာ

အေးးပါဟနဲနဲနီးလာရင်ဟိတ်ပြီ

ဟားးးးးးးးးးဟားးးးးးးးးးးးဟားးးးးးးးးးးးးးးးးး

ကဲ မင်းသူ့မျက်နှာသေချာဓာတ်မီးနဲ့ထိုးထား
စမယ်

ဟုတ်

ဟိတ်သရဲမ

ဟားးးးးးးးးးးးးးးးးဘာာာဟိတ်သရဲမလဲဟီးးးးး

ဟာဦးလေးပြောတော့ဟိတ်ဆိုရင်ပြေးပြီဆို
ခုသရဲမကြီးကတောင်စကားပြန်ပြောနေပြီ

ဟိတ် သရဲ မ နင်ငါ့ကို ဘာမှတ်လဲ

အီးးးးးးးးဟားးးးးးးးးးနင်ကဘာကောင်မှို့လို့လဲ

အမ်

ဦးလေးကြောက်စရာအသံကြီးနဲ့တစ်ခွန်းမခံပြန်
ပြောနေတယ်ဗျာ
ဦးလေးပြောတော့ဟိတ်ဆိုပြေးမယ်ဆို

ဟိတ်သရဲမ ငါစုန်းကဝေနိုင်တဲ့ဆရာဟဲ့

ဟားးးးးးးးမလောက်လေးမလောက်စားကောင်က
ပဲငါ့ကို နိုင်မည့်ဆရာ တဲ့ ဟားးးးးးးးးးးးဟားးးးးးးးးး

အမ်

ဘာမလောက်လေးမလောက်စားလဲ ဒီနယ်တစ် ခွင် ပြဲပြဲစင်အောင်
စုန်းကဝေသရဲတွေကို အပြတ်ရှင်းနေတဲ့ ဆရာ
ဇီဝက ကိုပေသန်းဆိုတာငါပဲသရဲမရဲ့

ဟားးးးးးးးးးးးးးဆရာအမြှောက် ဆရာလောင်ချာ
ဆရာRPGတောင်ငါမကြောက်ခဲ့တာ နင့်လိုပေသန်းနေတဲ့
ပျော့တိပျော့ဖတ်ကောင်လောက်ကတော့
ငါက ပျင်းတောင်ပျင်းသေးဟားးးးးးး

ခုချက်ချင်းဂုတ်ချိုးသတ်ပစ်မယ် ငါလာပီသာမှတ်
အားးးးးးးးဟားးးးးးးးးးးးးးးးးးးးးးးးးး

အမ်

ငါလာပြီတဲ့ ဦးလေးရေ နေခဲ့တော့ ကျနော်
တော့ပြေး ပြီ

ဟာဟာ ကောင်လေး ကောင်လေးးပီယလေ
ပီယအစွမ်းလေ

ဦးလေးပါဦးလေးပီယချင်ရတော့ ကျနော်တော့ပြေးပီ
ဟာဟာဟေ့ကောင်နေအုံးးးလေ
မင်းကဓာတ်မီးယူပြေးတော့ ငါဘာမှမမြင်ရတော့ဘူး

ဟေးးးးးကောင်လေး ငါ့မထားခဲ့နဲ့လေကွာ
ငါလည်းလိုက်မယ် ငါပြေးချင်တာကြာပြီကွ
ဟေးးးကောင်လေးးးးးးးးးးးဟာ
အမလေးးးးကယ်ကြပါအုံးးးးငါတစ်ယောက်ထဲ
ကျန်ခဲ့ ပီ ဗျ

~~~~~~~~~~~~~~~~~~~~~~~~~~~

ဟားးးးးးးးးဟားးးးးးးးးးးးးးရီလိုက်ရတာကွာမင်း
အဖြစ်ကလည်း အေးလေကွာ အဲဒိဦးလေးကြီး
ကိုငါလည်းယုံမိတာပေါ့ ဟုတ်တာမဟုတ်တာ
ထား ကုန်ကြမ်းတော့ရတယ်လေဟုတ်ခဲ့ရင်သူ
ပြောတဲ့ပီယအစွမ်းလေးဘာလေးပေါ့

ဒါနဲ့ အဲသရဲမကြီးက အဲလို စကားပြန်ခံပြော
တာလားး အေးပေါ့ကွာ ပထမတော့ ငါလည်း
ကြောက်တာပေါ့ကွ နောက်မှ သမီးသေ
လို့ စိတ်ဖေါက်သွားပြီး သမီးမြေပုံဘေးမှာ နေတာကြာနေတဲ့
အရူးမ အဖွားကြီးမှန်းသိရတော့တယ်

ဟားးးးးးးးးးးးးးးးးးသရဲဆရာကြီးဆရာကိုပေသန်း
အရူးမနဲ့ကြမှ ပြေးရတာ နာမည်ကိုကြီးသွား
တာပဲ ဟားးးးးးးးးးးးးးး

အားလုံးပျော်ရွင်ချမ်းမြေ့ကြပါစေ
credit:beetalk(ပရလောက)

No comments