“နှမလက်လျှော့ နေလေတော့”
ခရီးထွက်ရာကနေ ရုတ်တရက်ပြန်ရောက်လာတဲ့ မိန်းမဟာ သူ့ယောက်ျားကို ကောင်မလေးတစ်ယောက်နဲ့ အိပ်ရာထဲမှာ တွေ့လိုက်ရတယ်။
ကောင်မလေးက အဝတ်အစားမပါ ဘာမပါနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေရှာတယ်။
မိန်းမဖြစ်သူလည်း ဒေါသအမျက် ခြောင်းခြောင်းထွက်သွားတယ်။ အံဆွဲထဲက ခြောက်လုံးပြူးကို ထုတ်လိုက်ပြီး ကောင်မလေးကို ပစ်သတ်ဖို့ ပြင်တယ်… …
“ဟမ်…. င့ါလင်ကိုခိုးတဲ့ တေနာမ သေဖို့သာပြင်” သေနတ်ခလုပ်ကို ဆွဲလုလုဆဲ အခြေအနေမှာ ယောက်ျားလုပ်သူက တားတယ်… …
“နေ… နေ… နေပါအုံး မိန်းမရယ်၊ ငါပြောပါရစေအုံး”
“ကဲ… ပြော သူပြီးရင် ရှင့်အလှည့်ပဲ၊ မသေခင် ဘာပြောချင်တုန်း”
“မနှစ်က မင်းမွေးနေ့မှာ မင်းကို ငါ စိန်နားကပ်ကြီး လက်ဆောင်ပေးတာ မှတ်မိလား” “မှတ်မိဒယ်…” “တလောက… မင်း စီးဖို့ဆိုပြီး မာစီးဒီးကားကြီး ငါဝယ်ပေးတာရော မှတ်မိလား” “မှတ်မိဒယ်…” “ငါတို့ စီးပွားရေးအဆင်မပြေလို့ အပေါင်ဆုံးတော့မယ့် ဒီအိမ်ကို ရုတ်တရက် ငါပြန်ရွေးလိုက်တာလည်း မှတ်မိတယ် မလား”
“မှတ်မိဒယ်…”
“အေး… အဲဒါတွေအားလုံး ဒီကောင်မလေးပေးတာကွ၊ ငါ့ ဘယ်က ငွေရှိမတုန်း၊ မင်း သိသားပဲ” … ယောက်ျားဖြစ်သူ စကားပြောလို့မှ မဆုံးသေးဘူး မိန်းမက အိပ်ရာနား ပြေးလာတယ်။
ပြီးတော့ ကုတင်အောက်မှာ ကျနေတဲ့ စောင်ကိုကောက်ပြီး ကောင်မလေး ကို ခြုံပေးလိုက်ရင်း ပြောတယ်… …. “ရာသီဥတုက အေးကအေးနဲ့၊ ကလေးမ ဖျားနာနေပါအုံးမယ်တော်”… တဲ့။ ကောင်းဘူးလား…
Credit: သန်၎ကို(beetalk)

Post a Comment