ဒီကစောင့်နေသူ’
``````````````````````
အိမ်ရှင်မတစ်ယောက်က လက်သမားဆရာ တစ်ယောက် ကို ခေါ်ပြီးပြော တယ်… “ကျမတို့ အိပ်ခန်းထဲက ကုတင်က အိမ်ဘေးကလမ်းမှာ မြို့ပတ် ရထားဖြတ်မောင်းသွားတိုင်း တကျွိကျွိနဲ့ မြည်နေလို့”
“ဟုတ်လား…” …ဆိုပြီး ကုတင်ကို စစ်ဆေးကြည့်တယ် “ဘာပြစ်ချက်မှတော့ မတွေ့ဘူးဗျ” “ရထားဖြတ်မောင်းသွားမှ မြည်တာရှင့်” ဆိုတော့…. ရထားဖြတ်သွားအောင် စောင့်ပြီးနားထောင်ကြည့်တယ်…
“မကြားရပါလားဗျ” “မဟုတ်ဘူး ဒီကုတင်ပေါ်မှာ အိပ်နေရင် မြည်သံကြားရတယ် ရှင်လာနားထောင်ကြည့်”
ဒါနဲ့… လက်သမားဆရာလည်း ကုတင်ပေါ်တက် အဲဒီအိမ်ရှင်မဘေး ခဏလှဲပြီး
ရထားဖြတ်အမောင်းကို စောင့်နေလိုက်တယ် အဲ… တိုက်ဆိုင်ချင်တော့ အိမ်ရှင်ယောက်ျား အပြင်က ပြန်လာပြီး ရုတ်တရက် အခန်းထဲ ဝင်လာ ပါလေရော… … ကုတင်ပေါ်မှာ သူ့မိန်းမနဲ့ လက်သမားဆရာ ကိုတွေ့တော့ မေးတာပေါ့….
“ဟာ… မင်း.. မင်းတို့ ဘာလုပ်နေကြတာလဲ ဒါ ဟမ်” ဒီတော့ လက်သမား ဆရာက လေအေးလေးနဲ့ ပြန်ပြောတယ်…. “အင်း … ပြောရင် ယုံနိုင်စရာ မရှိဘူး ကျနော်တို့ မြို့ပတ်ရထား စောင့်နေကြတာဗျ” “ငင်…”
Credit : သန်၎ကို

Post a Comment