ခေါင်းရှုပ်မခံနိုင်ဘူး
~~~~~~~~~~~~~
ယောက္ခမ အထီးဆီ သမက်ဖြစ်သူရောက်လာသည်။
“ အန်ကယ် . .အန်ကယ့်သမီးနဲ့ ကျွန်တော်လက်ထပ်တာ ၃-လ ပဲရှိသေးတယ်
ဒါပေမယ့် ကလေးမွေးပြီ . . ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ . .
ကလေးတစ်ယောက်မွေးဖို့ က ၉ လလောက်လိုတယ်ဆိုတာ အားလုံးသိကြတာပဲ . . ”
ထိုအခါ ယောက္ခမအထီးက ပြန်မေးသည်။
“ မင်းမိန်းမနဲ့ ၃ လကြာအတူနေတယ်နော် ”
“ဟုတ်ကဲ့ အန်ကယ်”
“ မင်းမိန်းမဟာ မင်းနဲ့ ၃လကြာအတူနေတယ်နော် ”
“ ဟုတ်ကဲ့ နေပါတယ် ”
“ မင်းတို့ နှစ်ယောက်အတူနေတာ ၃လရှိပြီနော်”
“ ဟုတ်ပါတယ်”
“ အေး အဲဒါဆို ၃+၃+၃ ဘယ်လောက်လဲ”
“ ၉ပါ အန်ကယ်”
“ အေး . . . အဲဒါပဲ . . . ငါ့ကို နောက်လာပြီး အနှောက်အယှက်မပေးနဲ့ ”
ခြေထောက်များသူ
~~~~~~~~~~~~
တိရစ္ဆာန်တစ်စု ၀ိုင်းဖွဲ့ စားသောက်နေကြသည် ။
အာသွက်လျှာသွက် ဖြစ်နေသဖြင့် စကားဝိုင်းသည် စိုပြည်လှသည် ။
အရက်ကုန်သွားသဖြင့် အရက်ထပ်ဝယ်ရန် ဆုံးဖြစ်လိုက်ကြသည် ။ သို့နှင့် လိပ်ကို အရက်ဝယ်ရန် လွှတ်လိုက်၏ ။ တစ်နာရီ၊ နှစ်နာရီ ကြာသွားသည် ။ လိပ်ပေါ်မလာချေ ။
တိရစ္ဆာန်များထဲမှ လိပ်ကို ကျိန်ဆဲသံများ ပေါ်ထွက်လာသည် ။ မနီးမဝေးချုံထဲမှ လိပ်ထွက် လာပြီး စိတ်ဆိုးစွာပြောသည် ။
“ကျွန်တော့်ကွယ်ရာမှာ အခုလို အတင်းပြောရင် ကျွန်တော်မသွားတော့ဘူးဗျာ”
မတတ်နိုင် ။ လိပ်အစား ကင်းခြေများကို အ၀ယ်လွှတ်လိုက်ကြသည် ။
ငါးနာရီ ကြာမှ ကင်းခြေများပြန်ရောက်လာသည် ။ အားလုံးက ၀ိုင်းအော်ကြသည် ။
“ဟေ့ကောင် ........ မင်းသွားတာကြာလှချည့်လားကွ”
“အရက်ဆိုင် ၀င်ပေါက်မှာ ဘယ်ကောင်လဲမသိဘူး ။ ဆိုင်ဘုတ်တစ်ခု ချိတ်ထားလို့ ”
“ ဘာဆိုင်းဘုတ်လဲ ”
“ဆိုင်ထဲမ၀င်ခင် ခြေထောက်ကိုစင်အောင်သုတ်ပါတဲ့ ”
Credit : ဗမာရွာ

Post a Comment