Header Ads

နေရာကောင်း ~~~~~~~~ အရက်အလွန်သောက်သော လူတစ်ယောက်သည် အရက်သောက်လွန်၍ သေသွားသည်။ သူဝိညာဉ်သည် ကောင်းကင်ဘုံသို့ သွားသောလမ်းနှင့် ငရဲဘုံသို့သွားသောလမ်းတို့ ဆုံရာနေရာသို့ ရောက်လာလေသည်။ ထိုလမ်းဆုံ၌ သေဆုံးသူတို့၏ ၀ိညာဉ်ကို စီစစ်၍ ကောင်းကင်ဘုံ၊ ငရဲဘုံပို့ပေးရသော စစ်ဆေးရေးမှုးရှိလေသည်။ အရက်သမားကုလားဝိညာဉ်လည်း ထိုစစ်ဆေးရေးမှူးထံသို့ ရောက်လာ၏။ စစ်ဆေးရေးမှူး။ ။ ဟဲ့….နင်လူ့ပြည်မှာ ကောင်းတာ ဘာတွေလုပ်ခဲ့လဲ။ ၀ိညာဉ် ။ ။ ဘာမှတော့ မလုပ်ခဲ့ဘူး။ စစ်ဆေးရေးမှူး။ ။ ဒါဆိုရင်တော့……. ၀ိညာဉ်။ ။ နေပါဦးဗျာ။ အမိန့်မချခင် တစ်ခုလောက်မေးပါရစေ။ ဒီနေရာကို တစ်နေ့လူဘယ်နှစ်ယောက်လောက်လာသလဲ။ စစ်ဆေးရေးမှူး။ ။ လူမပြတ်ဘူး။ အများကြီးလာတယ်။ မင်းကဘာလုပ်မလို့လဲ။ ၀ိညာဉ် ။ ။ တခြားတော့ မဟုတ်ပါဘူးဗျာ။ ကျွန်တော် ဒီနေရာမှာ အရက်ဆိုင်ဖွင့်ချင်လို့ပါ။ Credit: thantwaisoe soe

No comments