Header Ads

ပရိုဖိုင်တင်ခြင်း
========
တူ/တူမလေးများဖြင့် တွဲတင်သူများသည်
မိမိကိုယ်ကိုယ် မယုံကြည်ကြသူများဖြစ်၍

၃၆၀ မသုံးပဲ ခပ်တည်တည်ဖြင့် တင်သူများသည်
ပတ်ဝန်းကျင်ကို တိတ်တဆိတ်လုပ်ကြံနေသူများဖြစ်ကာ

ကားအမျိုးမျိုးဖြင့် ကျောမှီ တင်သူများသည်
ပွဲစားများဖြစ်နိုင်ခြေရှိကာ

ဘောင်းဘီတိုတိုလေးဖြင့် တင်သူများသည်
ဒုက္ခသည်စခန်းမှ ဖြစ်နိုင်ခြေများသည်

မျက်နှာတခြမ်းတည်းတင်သူများသည်
ပင်လယ်ဓားပြများ ဖြစ်နိုင်၍

နေကာမျက်မှန်အကြီးကြီးဖြင့် တင်သူများသည်
အမြင်အာရုံဝေးဝါးနေနိုင်ကာ

ပန်းခြံထဲမှ ရိုက်တင်သူများမှာ
ပန်းခြံစောင့်များဖြစ်နိုင်သည်

360 သုံး၍ တင်သူများသည်
သွေးစုတ်ဖုတ်ကောင်များ ဖြစ်နိုင်ကာ

လက်မပါပဲ မျက်နှာချည်းတင်သူများသည်
ဒုက္ခိတ များဖြစ်နိုင်သည်

ဘုရားပေါ်၌ ဓာ့ပုံတင်သူများသည်
လောကီကို စိတ်ကုန်တော့မည့်သူများဖြစ်ကာ

ကိုယ်တဇောင်းရိုက် မျက်နှာမပါသူများမှာ
မျက်နှာမပါသူရဲများဖြစ်နိုင်သည်

အရုပ်ပိုက်တင်သူများမှာ
သူငယ်ပြန်သူများ ဖြစ်နိုင်ချေများကာ

ကလေးပုံတင်သူများသည်
ကလေးအဖေများဖြစ်နိုင်ကာ

ကိုယ်ပိုင်ပုံမတင်သူများသည်
မျက်နှာမရှိသူများဖြစ်နိုင်သည်။

#Copyဆွဲသူများ ခရစ်တစ်လေးပေးကြဘာ

No comments