နံပါတ်များသွားလို့
~~~~~~~~~~~~~
” စိတ်ဆိုးမယ်ကြံတိုင်း တစ်၊ နစ်၊ သုံး၊ လေး၊ တစ်ဆယ်ထိရေပါလို့ သားကိုပြောထား သားနဲ့၊ အခု ရန်ဖြစ်လာပြန်ပြီလား ”
” အဲဒီလို ရေလို့ အခု လို အထိုးခံရတာပေါ့ ” ” ဘာဖြစ်လို့လဲကွ ”
” ဟိုကောင့် အမေက သူ့သားကို ငါးအထိပဲ ရေခိုင်းထားတာ အဖေရဲ့ ” အန်—-
သာဓု ပါပု ဆွေးနွေးခန်း
~~~~~~~~~~~~~~~~
သာဓု – “အိမ်ထောင်ဆိုတာဘာလဲ”
ပါပု – “အိမ်ထောင်ဆိုတာ အ၀ိုင်းခံ ထားရတဲ့ ရဲတိုက်နဲ့တူတယ်။ အထဲရောက်နေတဲ့ လူတွေက အပြင်ကို ထွက်ချင်တယ်။ အဲ အပြင်ကလူတွေကြတော့ အထဲဝင်ဖို့ အားခဲနေကြ တယ်”
သာဓု – “လူငယ်တွေဟာ မိန်းမယူပြီးတဲ့နောက်မှ ဆင်ခြင် ဥာဏ် ပိုလာသလား”
ပါပု – “ဆင်ခြင်ဥာဏ်ရှိရင် သူတို့ မိန်းမ မယူဘူး”
သာဓု – “လူပျိုနဲ့ လူအို ဘာကွာသလဲ”
ပါပု – “လူပျိုက အိမ်အလုပ်ကို သူ့ဟာ သူလုပ်တယ်၊ လူအိုကတော့ မိန်းမခိုင်းလို့ လုပ်ရတယ်”
သာဓု – “မိန်းမဆို တာဘာလဲ”
ပါပု – “မိန်းမဆိုတာ နှင်းဆီပန်းပဲ၊ ပွင့်ချပ်တွေကို ချစ်သူ ရည်းစားတွေက ခူးသွားကြတယ်၊ သူယူတဲ့ ယောက်ျားအတွက် ဆူးပဲ ကျန်တယ်”
Credit : Thit Yar Aik

Post a Comment