သွားတိုက်ဆေးတွေရမယ်
မီးဖိုချောင်အတွင်းအလုပ်ရှုပ် နေသော ဒေါ်လူစီဖာကို ငါးနှစ်သားအရွယ် သူ၏သားမှ ချစ်စဖွယ်မေးနေလေသည်။
သား - "မေမေ .... မေမေ သားတို့သွားတွေ ဘာလို့တိုက်ကြတာလဲဟင်"
လူစီဖာ - "သွားပိုးမစားအောင်လို့ပေါ့သားရယ်"
သား - "မေမေ ... အဲ့သွားပိုးက ကြမ်းပိုးလို အကောင်မျိုးလားဟင်"
လူစီဖာ - "ဘယ်ဟုတ်မလဲသားရဲ့သွားပိုးဆိုတာ ပိုးကောင်မဟုတ်ဘူးကွဲ့"
သား - "ဟွန်းးး အာ့ဆို ဖေဖေတော့ သွားပါပြီ"
လူစီဖာ - "ဘာလို့သွားတာလဲ သားရဲ့"
သား - "ဖေဖေမနေ့က သွားပိုးစားပြီးသွားကိုက်နေတယ် ပြောလို့ အခုမနက်ဖေဖေမထခင် ဖေဖေ့သွားတိုက်ဆေးပေါ်မှာ ကြမ်းပိုးဆေးဖြူး ထားပေးခဲ့လို့ပါ"
ထိုစဉ် ရေချိုးခန်းထဲမှ ဘိုင်းကနဲ အသံတစ်ခု ကြားလိုက်ရသည်။
" ဖေဖေ တော့သွားလေပီ "
Credit - ဟာ

Post a Comment