လူရိုးလူအေးကြီး”
ကိုကျေးညိုဟာ အလုပ်ကြိုးစားသူဖြစ်တယ်၊ အလုပ်ကပြန်လာရင်လည်း အားကစားရုံမှာ ကြက်တောင်သွားရိုက်နေတတ်တယ်ဒီနေ့တော့ သူ့မွေးနေ့လေသူ့မိန်းမက စဉ်းစားတယ် ‘သူ့ယောက်ျား လူရိုးလူအေးကြီး၊ အပျော်အပါးအတွက် ဘယ်မှလည်း မရောက်ဖူးဘူး၊ ဒီနေ့ သူ့မွေးနေ့မှာတော့ ကလပ်တခုခုမှာ ညစာလိုက်ကျွေးအုံးမှ’ … ဆိုပြီး နာမည်ကြီး ကလပ်တခုကို ခေါ်သွားတယ်ကလပ်ထဲဝင်တော့ ဧည့်ကြိုကောင်လေးက လှမ်းနုတ်ဆက်တယ်. .. …”
ဟလို… ဆရာ၊ စောလှချည်လား”… တဲ့ မိန်းမလုပ်သူလဲ ဇဝေဇဝါဖြစ်သွားတာပေါ့… …”ရှင် အရင်နေ့တွေက ဒီနေရာကို လာဖူးလို့လား” “မလာဖူးပါဘူးကွာ၊ ဒီကောင်လေးက ငါတို့ကြက်တောင်အသင်းကကွ” “အော်…” အထဲရောက်လို့ စားပွဲမှာထိုင်ခါရှိသေး၊ စာပွဲထိုးမလေးက ကိုကျေးညိုအတွက်ဘဒ်ဝှိုက်ဇာဘီယာ လာချပေးသွားတယ်…
“ဟင်… ရှင် ဘဒ်ဝှိုက်ဇာကြိုက်တာ ဒီကောင်မက ဘယ်လိုလုပ်သိတာတုန်း” “သူကလည်း ငါတို့ ကြက်တောင်အသင်းကပဲကွ” “ဟွင့်… ” ခဏနေတော့ စင်တင်အဆိုတော်မလေးက ဗြုန်းဆို ကိုကျေးညိုကို နောက်က သိုင်းဖက် လိုက်ရင်း မေးတယ်… …”
ဦး… ဒီနေ့ ဘာသီချင်းဆိုပြရမလဲ၊ ဆုတွေအများကြီးချနော်”.. .. တဲ့အဲ…အဲဒီမှာ မိန်းမလုပ်သူလည်း အသားတဆတ်ဆတ်တုန်လို့ သူ့စလင်းဘက်ကို ကောက် ဆွဲပြီး၊ ကလပ်ခန်းမထဲကနေ ဇောင့် ဇောင့် နဲ့ထွက်သွားတော့တယ် ။ ကိုကျေးညိုလည်း နောက်ကပြေးလိုက်ရတာပေါ့မိန်းမက တက်စီတစီးပေါ်ကို အတက်၊ ကားမထွက်ခင် ကမန်းကတန်း အထဲဝင်လိုက်ပြီး တောင်းပန် ရတယ်… …”ရှုင်းပြပါရစေအုံးကွာ”
“ဘာမှ ရှင်းပြမနေနဲ့၊ မသာကြီး၊ အယုတ်တမာကြီး” “သူ့ကို ငါမသိပါဘူးကွာ၊ သူက လူမှားပြီး လာပြောနေတာပါ” “တော်စမ်းပါ၊ လူလိမ် လူညာ၊ သွား… သွား… သွား”… ဆိုပြီး အာခေါင်ခြစ်ပြီး အော်တယ်ဒီတော့ တက်စီကား ဆရာက နောက်လှည့်ကြည့်ပြီး ပြောတယ်… ….”အိုး..ဟိုး၊ ကျေးညို၊ ဒီနေ့တော့ မင်း မ,လာတဲ့ ဆော်ကြီးက အတော်ကြမ်းသကိုးကွ”…တဲ့
Credit :သန်၎ကို

Post a Comment