Header Ads

မိန်းကလေးများမဖတ်ရယောင်္ကျားလေးများအတွက်သာ(လူပျိုမျာသာဖတ်ရန်)



မိန်းကလေးအယောက် ၁၀၀ မှာ ၉၀ လောက်ကအလှကြိုက်ကြပါတယ်(ကျန်တဲ့ ၁၀ ယောက်က မျက်မမြင်တွေမို့ လို့ ပါ) .ဒါ့ကြောင့်မိန်းကလေးတိုင်းကလေ ကိုယ့်ချစ်သူ

ကိုယ့်ကိုလှတယ်လို့ ပြောရင် အရမ်းပီတိဖြစ်ကြတယ်ကိုယ့်ချစ်သူလေးစိတ်ချမ်းသာဖို့ 

သူ့နဲ့ တွေ့ ရင်.သူ့အလှကို.မြင်မြင်ချင်းပထမဦးဆုံးချီးမွမ်းပါ..

ဥပမာ...**ကိုယ့်ဘ၀ရဲ့ ပုံရိပ်ရှင်.အလှသခင်လေး၇ယ်မင်းသာကိုယ့်မျက်စိထဲမှာအလှဆုံးပါကွာ**

(ဘာညာကွိကွ..တတ်သလောက်မှတ်သလောက်လေး၇ွှီးပေးပါ)




နံပါတ် ၂။

မိန်းကလေးတစ်ဟာဘယ်လောက်ပဲမာနကြီးကြီး အတ္တကြီးကြီး အမှန်တကယ်

ဝမ်းနည်းကြေကွဲစရာတွေကြုံလာတိုင်းချစ်သူရဲ့ လက်ဖ၀ါးနွေးနွေး ဒါမှမဟုတ်

ချစ်သူ့ ရင်ခွင်မှာငိုချခွင့်လေးတော့ လိုချင်ကြတာမိန်းကလေးတိုင်းရဲ့ ရင်ထဲကဆန္ဒလေးပါ

ဒါ့ကြောင့်မို့ လို့ ကိုယ်တိုင်က လောကဓံကို ခံနိုင်ရည်၇ှိတဲ့ကျားကျားယားယား.အာဇာနည်ယောက်ျားကောင်းဖြစ်အောင်.ဒီလိုလေး

လေ့ကျင့်ထားရပါမယ်.

**မင်းနဲ့ အတူအဆိုးအကောင်းမျှဝေခံစားဖို့ လောကဓံကိုငယ်ငယ်လေးကတည်းက ခံနိုင်ရည်ရှိအောင်လေ့ကျင့်ပြီးသားပါကွာ**




နံပါတ်.၃။

မိန်းကလေးတွေဟာ.ဘယ်လောက်ပဲ.သတ္တိ၇ှိနေပါစေ အမှန်တကယ်အသက်ဘေးနဲ့ ကြုံလာရင်.ကိုယ့်ချစ်သူရဲ့ နောက်ကျောမှာ ခေါင်းလေးဝှက်ပြီး.
ကိုယ့်ချစ်သူရဲ့ အားပေးတဲ့ စကားသံလေးနဲ့ ကိုယ့်ချစ်သူဟာကိုယ့်အတွက်သူရဲ့ ကောင်းဆိုတဲ့ အရည်အချင်းကိုလဲ

လေးစားတတ်ပါတယ်အဲ့ဒီအတွက် ယောကျာ်းလေးဖြစ်တဲ့ကိုယ်ကသတ္တိရှိတဲ့ သူဖြစ်ဖို့ လိုပါတယ်


***မင်းလေးရဲ့ ရှေ့ မှာ.တားဆီးထားတဲ့ ရန်သူမှန်သမျှ ကိုကာကွယ်ပေးဖို့ 

ကြိုတင်လေ့ကျင့်ပြီးသားပါကွာ..***



နံပါတ် ၄။

မိန်းကလေးတွေဟာ.ကိုယ်တိုင်ကဘယ်လောက်ပဲပြည့်စုံချမ်းသာနေပါစေ

ကိုယ့်ချစ်သူရဲ့ အလုပ်ကြိုးစားပုံ..အရည်အချင်း၇ှိပုံတွေကို.

သူငယ်ချင်းတွေသိအောင်.ကြွားချင်ကြပါတယ်.

အိမ်မူးနတ် အဲ မှားလို့ .အိမ်ဦးနတ်.ဆိုတော့ စီးပွါးရေးတွေဦးဆောင်ရမှာလေ

.အဲ့ဒီအတွက်ကကိုယ်က.မနားမနေအလုပ်ကြိုးစားတဲ့ အကြောင်းကဒီလိုလေးကြွားပေးပါ

***မင်းကို.တင်တောင့်တင့်တယ်ထားနိုင်ဖို့ ကိုယ့်မှာ မနားမနေအလုပ်ကြိုးစားနေရတယ်ချစ်သူ..

အခုအလုပ်မအားတဲ့ ကြားကသေသေချာချာဝတ်စားပြီးခန့် ခန့် ညားညားနဲ့ ရှိတာလေးစီးပြီးအပြေး
လာခဲ့တာပါကွာ***



နံပါတ်.၅။

နောက်ဆုံးကတော့...ကိုယ်အဖြေတောင်းမယ့်ကောင်မလေးကိုချစ်သူ့ အမိန့် 
တစ်သက်လုံးနာခံမယ့်ပုံစံနဲ့ ပန်းစည်းလေးပေးပါ..

လက်ထပ်ခွင့်တောင်းရင်တော့..ကာတီးယားစိန်တိုက်က.

၇ှိတာပေါင်ပြီးဝယ်ထားတဲ့ လက်စွပ်လေးနဲ့ ဒီလိုလေး..

Surprise ဖြစ်သွားအောင်ရိုရိုသေသေနဲ့ .ပေးလိုက်ပါ..

** မင်းနဲ့ အတူလှပတဲ့တူနှစ်ကိုယ်အနာဂတ်ဘ၀လေး

တည်ဆောက်ဖို့ ကိုယ့်အချစ်ကိုလက်ခံပေးပါကွာ**




Written..By....ချမ်းချမ်း(ရွာသူလေး)

.............................................................

အထူးမှတ်ချက်..

ထောင်တန်တဲ့ စကားပျက်ရယ်မပြုကောင်းပါ.ပြုပါက ဒဏ်သင့်တတ်သောကြောင့်

ယခုအကြံပေးပိုစ့်အားဖတ်နေစဉ်အတွင်း.

အချက် ၅ ချက်အားမယုံမကြည်ဖြစ်မိခြင်း မရိုမသေဖြင့်.ရယ်ချင်သလိုလိုဖြစ်ခြင်း အမှန်တကယ်အသံထွက်ရယ်မိခြင်း..စိတ်ထဲ၌.ကြိတ်၍လှောင်ခြင်းပြုမိပါက...

ဂေါ်မစံွံတဲ့ သနားစရာလူပျိုကြီးတစ်ခုလပ် ၂ခုလပ် ဖြစ်သွားပေလိမ့်မည်.

.အထူးသတိထား၍မရယ်မိအောင်ဖတ်ပါလေ...

........................................................

ရှင်းလင်းချက်.....

အမျိုးသမီးများမစပ်စုရ ဆိုသည်မှာ..

ပိုစ့်ထဲတွင်ပါသောအကြောင်းအရာများကို ကြိုတင်သိ၇ှိနေပါက..

ချစ်သူမှ အဖြေတောင်းချိန်တွင်Surprise မဖြစ်ဘဲ


ရင်ခုန်ကြည့်နူးစရာနည်းသွားပေလိမ့်မည်..

..............................................................

လာမည့် 2011 Valentine Day မှစ၍.နောင်နှစ်ပေါင်းများစွာတိုင်အောင်..

တူနှစ်ကိုယ်ချစ်ကြတဲ့ ချစ်သူတိုင်းစစ်မှန်သော မေတ္တာ မှန်ကန်သော သစ္စာ များစွာနဲ့ 

တစ်ဦးကိုတစ်ဦး စာနာနားလည်မှုတွေနဲ့ေ၇ွှရတု ငွေရတု စိန်ရတုတွေအထပ်ထပ်နဲ့ ရတုအဆက်ဆက်တိုင်အောင်..သာယာတဲ့ ဘ၀ခရီးလျှောက်လှမ်းနိုင်ကြပါစေလို့ 

ဆုတောင်းပေးးပါတယ်နော်..

အားလုံးကို.ပျော်စေချင်တဲ့
credit::ဟာသစာပေ
********************************************************
ကျနော်မုံရွာသားအနေဖြင့် မြန်မာလူငယ်သတင်းစုံသုံးစွဲသူမိဘပြည်သူများအတွက်အကောင်းဆုံးကြိုးစားရေးသားပေးသွားမှာဖြစ်ပါတယ်copyရတဲ့အတွက်မူရင်းပိုင်ရှင်များလည်းcreditပေးပါတယ်ခင်ဗျားကိုင်တိုင်လည်းကြိုးစားရေးသားနေပါတယ်အလုပ်တစ်ဖက်နဲ့မို့ နားလည်ခွင့် လွတ်စေချင်ပါတယ်ခင်ဗျားအကယ်၍မိမိတို့ ကိုယ်တိုင်ဖန်တီးထားတဲ့ဟာသလေးများကိုမြန်မာလူငယ်သတင်းစုံရဲ့ဟာသနန်းတော်မှာထည့် သွင်းချင်လျှင် ဖုန်းနံပတ်-09971291474  bagyilay123@gmail.comသို့ လည်းပေးပို့ဖေဖန်အကြံပြုနိုင်ပါတယ်ခင်ဗျားမိဘပြည်သူများရဲ့ဝေဖန်အကြံပြုတဲ့စကားလေးတစ်ခွန်းဟာကျနော်တို့အတွက်အားဆေးတစ်ခွက်ထက်ပိုပါတယ်အစဉ်အမြဲကြိုးစားလျှက်
                                    မုံရွာသား(ကိုဖြိုး)

No comments