Wifiရောဂါ
"မြန်မာ နှစ်လုံးအရင်ချကွာ"
"ဈေးတက်သွားပီနော် အကိုတစ်လုံး သုံးထောင်ဖြစ်သွားပြီ"
စားပွဲထိုးရဲ့စကားကြောင့် ကျုပ်တို့လူစု တွန့်ဝင်သွားတယ်ခါတိုင်းလဲ လူစုံရင် ဒီဆိုင်ဘဲ လာသောက်နေကျပါမြန်မာ တစ်လုံးမှ ၁၄၀၀ ကျပ်ထဲအခုကျ ဈေးက နှစ်ဆ
ကျုပ်လဲ နဲနဲတင်းသွားတယ်
"ဘာကွ ဟိုတပတ်က အထိ ၁၄၀၀ ဘဲအခုဘာများကွာသွားလို့ ဈေးက နန့်နန့်တက်သွား
ရတာလဲ" ဆိုပီး မေးလိုက်တော့
ငတိက ဆိုင်အတွင်းဘက်ကို လက်ညှိုးထိုးပြတယ်
"ဟိုမှာလေ ဟိုစက်ကလေးဝယ်ထားတယ်လေ"
"အဲ့တော့"
"wifi free ပေါ့"
"အုမ်"
ပီးတော့ စားပွဲထိုးကောင်လေးက
"အစ်ကို တို့ ခနစောင့်" ဆိုပီး
ဆိုင်ထဲ လုံးလုံး လုံးလုံးနဲ့ ဝင်ချသွားတယ်။တအောင့်ကြာတော့ ပြန်ထွက်လာတယ်
သူ့ပုံစံက ရန်သူ့နယ်မြေထဲသတင်းဝင်ယူတဲ့ ကွန်မန်ဒိုစစ်သားလိုဟိုတိုင်အနောက် ပြေးကပ်လိုက်
ဟိုစားပွဲအောက်ထဲ ဖင်တွန်း ဖင်တွန်းနဲ့ ဝင်လာလိုက်နဲ့
လက်ထဲမှာလဲ တစ်ခုခုကို ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်လာတယ်ကုတ်ချောင်း ကုတ်ချောင်း လာရာကနေအနားရောက်တော့မှ ငေါက်ခနဲ ထရပ်လိုက်တယ်။ပြီးတော့ တစ်ရှူးဘူးရဲ့ အပေါ်ခွံကို ယူပီးသူလက်ထဲကဟာကို စားပွဲပေါ်တင်ပီး တစ်ရှူးဘူးခွံနဲ့ဖမ်းအုပ်ပလိုက်တယ်။
ပြီးတော့ ကြည့် ဆိုတဲ့ ပုံစံမျိုးနဲ့ မေးငေါ့ပြတယ်။ကျုပ်လဲ တစ်ရှူးဘူးခွံ အပေါ်မှာ ရှိတဲ့
လက်နှိုက်တဲ့ အပေါက်ကနေအသာချောင်းကြည့်လိုက်တယ်။
"ဟင် PASSWORD"
ကျုပ်မိတ်ဆွေတွေကလဲ စိတ်ဝင်စားပီးဝိုင်းမေးကြတယ်
"ဘာရေးထားတာလဲ ဟင်"
ဒါကို ငတိက
"ဒီဆိုင်ရဲ့ wifi password လေ"
ကျုပ်လဲ ပါးစပ်က ပြောမနေတော့ဘူး။တစ်ရှူးဘူးအခွံကို အားလုံးမြင်သာအောင် ဟ ပြလိုက်တယ်။
"ဟယ်"
"အလို"
"ဒါ… ဒါက password"
ဟုတ်ပ password မှ ဘုရားစူး password အစစ်တစ်ရှူးပေါ်မှာ ဘောပင်န်နဲ့ password လို့ကို
ရေးထားတာ
စားပွဲထိုး ငတိက ခါးတခြမ်းထောက်ပီး
"ဒီ password ကို ဘယ်မှမပေါက်ကြားစေနဲ့နော်ဒါ ဆိုင်က ကာစတမ်မာကိုဘဲ ပေးတာ
အပြင်လူတွေ သိလို့မဖြစ်ဘူး ဒါပါဘဲ"
ပြောပီးတာနဲ့ ချာခနဲ လှည့်ထွက်ပီးဆိုင်ထဲက မြန်မာ နှစ်လုံးယူချလာတယ်
ခွက်ထဲ ထည့်လိုက်တော့ဘီယာတွေက ပူပူကြီး
"ဟ မင့်ဘီယာက မအေးပါလား"
"ဟာဗျာ ခင်ဗျားကြီးတို့ကလဲဂျီးကိုများတယ်ဆိုင်ထဲမှာက ပလပ် တစ်ပေါက်ဘဲရှိတာလေဗျာ"
"အဲ့တော့"
"အဲ့တော့ ရေခဲသတ္တာ ပလပ်ကို ဆွဲဖြုတ်ပီးခင်ဗျားတို့ အခုပွတ်နေတဲ့ အင်တာနက်စက်ရဲ့
ပလပ်ကို ထိုးထားတာ"
"ညှယ်"
ဘာမှမပြောသာတော့ကိုယ်ကလဲ ပွတ်နှင့်နေပီကိုးလိုင်းကတော့ ဘာကောင်းသလဲ မမေးနဲ့
ကိုယ့် WALL ထဲ ကိုယ်ဝင်လို့မရဘူး။ဓာတ်ပုံမပေါ်ဘူး။Like လုပ်ချင်ရင်ဆီချေးပိတ်နေတဲ့ကား ကို လီဗာ တော့တော့ပီး နင်းသလိုခုနစ်ချက် ရှစ်ချက် လောက် ဆက်တိုက်နှိပ်မှLike ဖြစ်တယ်။
ကျုပ်တို့မှာ ဘီယာပူပူကြီးကိုမှုတ်သောက်လိုက်ဘာမှ မပေါ်တဲ့ new feed ကြီးကို
မှန်းမှန်းပီး ပွတ်လိုက်နဲ့စားပွဲထိုး ငတိက ဆိုင်ထဲကနေ
"အစ်ကို တို့ ဘီယာထဲ လက်ဖက်ခြောက်ခပ်အုံးမလား"
ဆိုပီး လှမ်းလှမ်း ကညော့သေးတာ
ကျုပ်တို့ရပ်ကွက်လေးမှာ wifi ရောဂါကတစ်ဆထက် တစ်ဆ ပိုပိုဆိုးလာတယ်။
ဆံပင်ညှပ်ဆိုင် ကြည့်တော့လဲ wifi freeဘယ်သူမှ မသုံးရင်တောင်
ဆံပင်ညှပ်သမား တစ်ယောက်ထဲဒိုင်ခံ သုံးတာ။
လက်တဖက်က ဖုန်းကို ပွတ်တယ်နောက်တဖက်က ကတ်ကြေးကိုင်တယ်
ညှပ်ရမဲ့ ခေါင်းကို မကြည့်ဘဲလက်ကို အငြိမ်ထားပီး တဗျန်းဗျန်း နဲ့ကို
ညှပ်တာ
ဆံပင်လာညှပ်တဲ့သူက ကိုယ်ညှပ်စေချင်တဲ့နေရာကို
ရွှေ့ရွှေ့ပီး ခေါင်းထိုးပေးရတယ်။မှားရွှေ့မိရင်တော့ ကိုယ့်ထိုက်နဲ့ ကိုယ့်ကံဘဲ
ဆံပင်ညှပ်ဆရာက သူ့ကတ်ကြေးအောက်ရောက်လာတဲ့အမွှေးမှန်သမျှ ညှပ်မှာဘဲ
မှားရွှေ့မိလို့ မပြောင်သင့်တဲ့ အမွှေးပြောင်သွားရင် မှားရွှေ့တဲ့လူရဲ့ အပြစ်
ဆံသ ဆရာနဲ့ လားလားမှ မဆိုင်
ကျုပ်တို့ ရပ်ကွက်ထဲမှာဆိုက်ကားက အစ wifi free
ဈေးကတော့ ပုံမှန်ထက် နှစ်ဆ
ဒါပေမဲ့ ဘယ်သူမှ စောဒက မတက်ဘူးဆိုက်ကားဆရာက သူ့ဖုန်းကနေ
wifi လွှင့်ပေးတယ်ပါစင်ဂျာက ဘေးကထိုင်လိုက်ပီးအင်တာနက်သုံးတယ်။
တချို့ဆို ဘယ်မှသွားတာလဲ မဟုတ်ဘူးရပ်ကွက်ထဲ ဆိုက်ကားပတ်စီးပီး
အင်တာနက် သုံးတာတောင် ရှိသေးတယ်။
အဆိုးဆုံးကတော့ ဈေးအိမ်သာဘဲ တစ်ရက် ကျုပ်ဈေးသွားရင်းနဲ့
ဗိုက်ထဲရစ်လာလို့ အိမ်သာသွားတက်တယ်။
ထုံးစံအတိုင်း တစ်ရာတန်တစ်ရွက် ပက်ခနဲ ပစ်ပေးပီးလှမ်းအဝင်ပိုက်ဆံ ကောက်တဲ့ ငတိမ က
အင်္ကျီဖမ်းဆွဲပီး
"တစ်ရာ မရတော့ဘူး ဈေးတက်သွားပီ"
"ဟင် ဘာလို့"
"wifi free လေ"
"ညှမ်"
ကြည့်အုံး …အိမ်သာကဖြင့် တစ်လနေလို့မှ တစ်ခါမဆေးဘဲနဲ့
wifi free တဲ့ကျုပ်လဲ ပီးပီးရော ဆိုပီး
"ပြော ဒါဆိုဘယ်လောက်ပေးရမလဲ"
ဆိုတော့ ငတိမ က ကျုပ်ကို ခြေဆုံးခေါင်းဆုံးကြည့်ပီး
"အပေါ့လား အလေးလား"
"အလေးဟေ့ အလေး တောက် ငါကွာ… "
"member နဲ့ပါမှာလား ရိုးရိုးပါမှာလား"
"ငွား"
ကျုပ်မှာ အော်မငိုမိရုံ တမယ်ဘဲထွက်ကျသွားမှာ စိုးလို့ဖင်နှစ်တုံး ဂျုန်းဂျုန်း ကျအောင်လိမ်ကျစ်ထားရသေးတယ်ဒါကိုငတိမက လေသံအေးအေးနဲ့တည်တည်ငြိမ်ငြိမ် ဆက်ရှင်းပြနေသေးတယ်
"member နဲ့ပါရင် တစ်ထောင်ဖိုးကို သုံးနာရီရိုးရိုးဆို တစ်နာရီ ငါးရာ"
"ရော့ဟာ ငါးရာ" ဆိုပီး လွှားခနဲ အိမ်သာထဲ ခုန်ဝင်လိုက်တယ်
"password ကို အိမ်သာအဖုံးမှာ ကပ်ထားတယ်နော်"
ဆိုတဲ့ ငတိမ ရဲ့အသံကိုတောင်ဆုံးအောင်နားမထောင်တော့ဘူး
ကျုပ်လဲ သုံးမှာမှ မဟုတ်တာ
အထဲရောက်တော့ အိမ်သာက လူပြည့်နေတယ်
"သေဟ"
ဟိုတံခါးနား ကပ်နားထောင်တော့လဲမတ်ဆင်ဂျာအသံ ကတင် ကတင်နဲ့
ဒီတံခါးနား ကပ်နားထောင်တော့လဲဗိုင်ဘာအသံ တုံတုံ တုံတုံနဲ့
တစ်နာရီစောင့်တော့လဲ မထွက်လာကြ
နှစ်နာရီစောင့်တော့လဲ မထွက်လာကြ
သြော် …
member သမားတွေ…member သမားတွေ
လိပ်ခေါင်းအဖြစ်ခံပီးတော့ကို member ကုန်တဲ့အထိအောင့်အီးပီး ထိုင်ညှစ်နေကြတာ
စောင့်ရင်း စောင့်ရင်း သုံးနာရီလောက်ကြာတော့အိမ်သာထဲ အဖိုးအို တစ်ဦး ဝင်လာတယ်
သူ့ခမျာ ကျုပ်လိုဘဲ ထင်ပါ့နဖူးမှာ ချွေးစေးတွေထွက်နေတယ်ဒူးနှစ်ချောင်း က မခိုင်ချင် ယိုင်တိုင်တိုင်နဲ့
အင်းလေ … သက်ကြီးရွယ်ကြီးတွေကအပေါ့အလေးဆို သိပ်ကြာကြာ
အောင့်ထားနိုင်တော့တာမှ မဟုတ်တာ
အဲ့သည်အချိန်မှာဘဲ အိမ်သာတစ်လုံး တံခါးပွင့်သွားပီးmember သမားတစ်ယောက် ထွက်လာတယ်
အောင်မာ … ဒင်းက အိပ်ချင်မူးတူးရုပ်နဲ့သမ်းတောင် သမ်းနေသေးတာ
ကျုပ်လဲ လွတ်သွားတဲ့ အိမ်သာထဲ ဝင်မလို့လုပ်တော့အဖိုးအိုက ကျုပ်ကို အသနားခံတဲ့ မျက်လုံးတွေနဲ့ကြည့်နေတယ်ဒါမျိုးဆို ကျုပ်ကလဲ စိတ်ခိုင်တာ မဟုတ်ဘူး
အသက်ကို အောင့် တင်ပါးကို ကျုံ့ပီးလေသံထိန်းပီး ပြောလိုက် တယ်
"အဖိုး အရင်ဝင်ပါခင်ဗျ" ဆိုပီးကိုယ်ကိုလဲ အနောက်ရို့ပေးလိုက်တယ်
အဖိုးအိုခမျာ တုန်ချိ တုန်ချိနဲ့ကျုပ်အရှေ့ကိုလျှောက်လာတယ်
ပီးတော့ အသံတုန်ကြီးနဲ့
"ကျေးဇူးတင်လိုက်တာ ငါ့မြေးရယ်
အဖိုးရဲ့သားက မလေးမှာအလုပ်လုပ်နေတာလေ
အဲ့ဒါ သူ့ဆီ oversea ဖုန်းခေါ်မလို့ ဘေမတတ်နိုင်လို့
viber နဲ့ လာခေါ်တာ"
"ညှာ"
အမှန်က ဗျာလို့ပြောလိုက်တာပါဘဲ
"မောင်မင်းကြီးသား ကျန်းမာပါစေ ချမ်းသာပါစေ"
ဆိုပီး အိမ်သာတံခါးကို ဂျိန်းခနဲ ပိတ်လိုက်တယ်
"သွား … သွားပီ"
ကျုပ်သဘောပေါက်သွားပီ
အကြီးအကျယ် သဘောပေါက်သွားပီ
ဆက်လဲ စောင့်မနေတော့ဘူး
အိမ်သာထဲက ပြန်ထွက်လာပီး
ပိုက်ဆံတစ်သောင်းကို ဂိတ်ဝမှာ
"ရော့ဟာ member တစ်သောင်းဖိုး" ဆိုပီး
ဘုတ်ခနဲ ပစ်ချထားခဲ့လိုက်တယ်
ငတိမကတော့ မျက်လုံး အပြူးသားနဲ့
ကျန်ခဲ့လေရဲ့
ပီးတော့ အိမ်ကို သုတ်ခြေတင်ပီး ပြန်ပြေးတယ်
အိမ်ရောက်တော့ မတက်ခဲ့ရတဲ့ အိမ်သာကို အဝ တက်တယ်
ပီးတော့ စောင်ယူတယ် ဖျာယူတယ် ခေါင်းအုံးယူတယ်ခြင်ထောင်ယူတယ် မသေချာမှာ စိုးလို့
ခြင်ဆေးခွေပါ တစ်ဗူးယူတယ်ဖယောင်းတိုင်ယူတယ် ဓာတ်မီးယူတယ်
ရေနွေးဓာတ်ဗူးယူတယ်။ပြီးတော့ မရှိမဖြစ် အဓိက အကျဆုံး ကျုပ်ရဲ့
လက်စွဲတော် ဟန်းဖုန်းကို ယူတယ်အားလုံးကို စောင်နဲ့ထုပ်ပီး ချည်လိုက်တယ်
ပီးတော့ ရပ်ကွက်ရုံးကို အရင်ဝင်တယ်အခန့်သင့်ဘဲ ဥက္ကဋ္ဌက ကွကွကြီး ထိုင်နေတယ်
ကျုပ်လဲ အချိန်ဆွဲမနေတော့ဘူး
"ကျနော် ဧည့်စာရင်းလာတိုင်တာ ဥက္ကဋ္ဌ"
ဥက္ကဋ္ဌ နဂိုပြူးပီးသား မျက်လုံး ပိုပြူးသွားတယ်
"ဟ မင်းအိမ်မှာ မင်းမအိပ်ဘဲ ဘယ်သွားအိပ်မလို့လဲကွ"
ကျုပ် အသက်ကို ခပ်ပြင်းပြင်း ရှူသွင်းလိုက်တယ်ရီဝေနေတဲ့ မျက်လုံးနဲ့ အဝေးတနေရာကို ငေးရင်
ပြတ်ပြတ်သားသားအသံနဲ့ တစ်လုံးချင်း ပြောလိုက်တယ်
"ဈေး…အိမ်…သာ…မှာ…အိပ်…မ…လို့"
"ဟေ"
ဥက္ကဋ္ဌ ကျုပ်ကို တအံ့တသြ ငေးကြည့်ရင်း
ကျန်ခဲ့တယ်
ရပ်ကွက်ရုံးထဲက တဟုန်ထိုး ပြန်ထွက်လာတဲ့ကျုပ်ခြေလှမ်းတွေက ဈေးအိမ်သာဆီကို
တန်းတန်းမတ်မတ်
ကျုပ်နောက်မှာက လူတစ်ရပ်စာလောက်မြင့်တဲ့ဖုန်လုံးကြီးတွေက တလိပ်လိပ် ။ ။
Credt- Zay Yar
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment