ကိုယ်ပိုင်ရည်းစားထားမိတဲ့အခါ
"ကကျွတ်"
"အို ဦးကလဲ အဲ့သလို မနမ်းပါနဲ့ဆိုဒီမှာ သနပ်ခါးတွေ ပျက်ကုန်ပြီ"
ပြည်သူ့ရင်ပြင်ထဲမှာ အတွဲတစ်တွဲ ရှလူးနေတာကောင်မလေးက တောပုံစံ ရိုးရိုးအအ လေး
ပြောရရင် တောစပ်စလူးပေါ့ဘဲကြီးက ထိပ်တောင်ပြောင်နေပြီပါးစပ်ကလဲ ကွမ်းဂျိုးတွေကပ်ပြီး
သွားတွေက အဖြူတစ်ချောင်း အနီတစ်ချောင်း
ဒီပါးစပ်နဲ့ လမ်းမထွက် မတ်တပ်ရပ်နေရင်ဖြူနီကျား တားထားတယ်မှတ်ပြီး
သူ့နား ဘယ်ကားမှ လာရပ်ရဲမှာ မဟုတ်ဘူး
ကျုပ်ချောင်းနေတာကို နှစ်ယောက်လုံး မမြင်ကြဘူးကိုယ်တိုင်က ရည်းစားမရှိရှာတော့
သူများ လက်ဖ်ဆင်းန် ဘဲ ချောင်းချောင်း ဂလုရတာပေါ့
"ရော့ ဒါစွပ်ပြီးနမ်း" ဆိုပြီး
ကောင်မလေးက ထိပ်ပြောင်ရဲ့ နှာခေါင်းငေါငေါကိုကျွတ်ကျွတ်အိတ်နဲ့ ဖမ်းစွပ်ပြီး
သားရေပင်စည်းပေးလိုက်တယ်
အောင်မာ… အဟုတ်ဟ ခုကျတော့ ကောင်မလေးလဲ သနပ်ခါးမပျက်တော့ဘူး
ထိပ်ပြောင်ကြီးလဲ သူ့စိတ်ကြိုက် ကကျွတ်လို့ရသွားတယ်နှာခေါင်းကို စည်းထားတော့ အသက်ရှူရင်
ပါးစပ်ကနေ အမောဖောက်သလိုကြီးတော့ဖြစ်ဖြစ်နေတာပေါ့လေ
နောက်တခါ ဒီလာရင်နှာခေါင်းစွပ် ဆိုပြီး တစ်ထုပ် ငါးဆယ်နဲ့
လာရောင်းအုံးမှပါ
"ဟင် ကြွက်ကြီး မီးကြောက်တယ်"
"ဘယ်မှာလဲ ဦးကိုပြစမ်း ဘယ်မှာလဲ ကြွက်"
ကောင်မလေး ညွှန်ပြတဲ့နေရာက ကျုပ်တည့်တည့်ငုံ့ကြည့်လိုက်တော့ ဗွက်တွေလူးပြီး
ခြေထောက်ရုပ်ပျောက်နေတဲ့ ကျုပ်ခြေထောက်အဖြူရောင် ဂျပန်ခြေညှပ်ဖိနပ်ကလဲ
ဖြူတယ်ဆိုရုံလေးဘဲ ရှိတော့တယ်
ထိပ်ပြောင် ခဲတစ်လုံးကို ကောက်ကိုင်လိုက်တယ်
"အောင်မာ… ကြွက်မသားက စွပ်ကျယ်တောင်ဝတ်ထားသေးတယ်"
အမှန်က ဖိနပ်သဲကြိုး
"ဖောင်း"
"ငွား"
တည့်လိုက်တဲ့ လက်ဗျာ ခြေမကို ကွက်တိကျုပ်လဲ နာနေပေမဲ့ ဇက်ခနဲရုတ်လိုက်ရင်
လူခြေထောက်မှန်း သိသွားမှာစိုးလို့ပုန်းနေတဲ့ ချုံထဲ ခြေထောက်ကိုကြွက်တွေ သွားသလို
ကွေ့ဝိုက်ပြီး ဆွဲသွင်းလိုက်ရတယ်။
ဆက်လဲချောင်းမနေတော့ဘူးတော်ကြာ မသေသေးဘူး မှတ်ပြီးချုံထဲ ခဲပစ်ထည့်မှ ဟုတ်ပေ့
ဖင်တွန်း ဖင်တွန်းနဲ့ ချုံထဲက ပြန်ထွက်လာခဲ့ရတယ်။မတ်တပ်ရပ်တော့လဲ ထော့နင်း ထော့နင်းနဲ့
အဲဒါ ကျုပ် ကိုယ်ပိုင်ရည်းစားမရှိလို့ ဖြစ်ရတာ
"ဟုတ်တယ် ကိုယ်ပိုင်ရည်းစားထားရမယ်"
နောက်နေ့က စပြီး ရပ်ကွက်ထဲ ရည်းစားပတ်ရှာတယ်။တစ်ယောက်ကြည့်လဲ ဘဲနဲ့
နှစ်ယောက်ကြည့်လဲ ဘဲနဲ့
မိန်းမများ လိုင်းကားပေါ်က ခုံလိုဘဲ လွတ်တယ်ကို မရှိဘူး။လွတ်နေတဲ့ ခုံတွေကတော့ ထိုင်မရလို့ဖြစ်မှာပေါ့လေ
( ဒီစာမြင်ရင် …"ဟဲ့ … ငါတို့က ထိုင်မရတာ မဟုတ်ဘူးအထိုင်မခံတာဟေ့" ဆိုပြီး အပျိုကြီးတွေ
ဆွေ့ဆွေ့ခုန်ကြမှာ မြင်ယောင်သေးတယ်)
လွတ်ပါပြီ တစ်ခုံကောင်မလေးက သိပ်မချောပေမဲ့ မဆိုးရှာဘူးဘဲ ပြောရမှာပေါ့လေ
သိတယ်မလား … ကိုယ်တွေက မိန်းမဖြစ်ရင်ကို လေကောင်းလေသန့် ရနေပြီ
ရည်းစားစကား ပြောတော့လဲ အိုကေတယ်
"အင်းလေ တွဲကြတာပေါ့ အားနေတာဘဲဟာ " တဲ့
ကဲ… ဘယ်လောက်ကဗျာဆန်လဲ
ပထမဆုံး ချိန်းတွေ့တဲ့နေရာကလဲ ကျုပ်သွားသွားချောင်းနေကျ ပြည်သူ့ရင်ပြင်
ခါတိုင်းနဲ့တော့ မတူဘူးပေါ့ သိတယ်မလား။ဒီတစ်ခါ သွားမှာက ကိုယ်ပိုင်ရည်းစားနဲ့လေ
တသက်နဲ့ တကိုယ် ဘယ်တော့မှ စောစောမထတဲ့ ကျုပ်အဲ့သည်နေ့ ခြောက်နာရီလောက်ထဲက
တက္ကစီပေါ် ရောက်နေပြီခါတိုင်းဆို ဒီအချိန်က ကျုပ်တရေးနိုး ရှူးထပေါက်ပြီး
ပြန်အိပ်တဲ့ အချိန်
ဒီလောက်မှ မသွားရင်လဲဟိုမှာ အတွဲခုံတွေက မိုးလင်းတာနဲ့ ပြည့်ပြီ
ဟိုရောက်တော့ အပေါက်ဝမှာငတိမကလဲ ကျုပ်လိုဘဲ အိပ်မှုန်စုတ်ဖွားနဲ့
လက်ထဲမှာလဲ ခြင်းကြားတောင်းကြီးမနိုင်မနင်းဆွဲထားသေးတယ်
နှစ်ယောက်သား အထဲဝင်ကြတယ်ဆိုရင်ဘဲခုံတွေက ပြည့်နေပြီ
မိကျောင်းအရုပ်ကြီး ရဲ့ ဟနေတဲ့ပါးစပ်ထဲမှာတင် သုံးတွဲတစ်တွဲနဲ့ တစ်တွဲ တစ်တောင်လောက်စီဘဲ ခြားတယ်ဒါတောင် မိကျောင်းက ပါးစပ်ဘဲ ဟလို့အမြှီးများ မြှောက်ထားမိရင်
ဖင်အောက်မှာတောင် ဝင်ဥနေကြမလားဘဲ
ငတိမ ကတော့ အတွဲခုံတွေကို ကျော်ပြီးကော့ပက် ကော့ပက်နဲ့ ဆက်လျှောက်သွားတယ်
ကျုပ်လဲ သူ့နောက် ဆက်လိုက်သွားတော့ တွေ့ပါပြီ
"ဟင် ချုံဘန်ဂလို"
ခါးသာသာမြင့်တဲ့ ချုံပုလေးတွေ တန်းစီနေတာချုံတွေရှေ့မှာလဲ
ယောကျာ်းစီးဖိနပ်နဲ့ မိန်းမစီးဖိနပ် တစ်စုံစီ
ငတိမက လွတ်နေတဲ့ တတိယမြောက် ချုံဘန်ဂလိုထဲလေးဘက်ထောက်ပြီး ကုန်းဝင်သွားတယ်
ကျုပ်လဲ သူ့အနောက်ကနေ လိုက်ဝင်တော့အောင်မာ … အထဲမှာကျ သပ်ရပ်နေတာဘဲ
မြေကလဲ ပြန့်ပြူးလို့
ငတိမက သူခြင်းတောင်းကြီး ဘုတ်ခနဲ ပစ်ချပြီး
ကျုပ်ဘက် လှည့်မေးတယ်
"ဂျာနယ် ပါလား"
"ဟင့်အင်း ပါဘူး"
"ကျစ်… ဂျာနယ် မရှိဘဲ ဘယ်လိုထိုင်မှာလဲ"
"အပြင်မှာ သွားရှာကြည့်လိုက်မယ်လေ" ဆိုပြီး
ကျုပ် ချုံဘန်ဂလိုထဲက ပြန်ထွက်လာခဲ့ရတယ်
အပြင်ရောက်တော့လဲ ဂျာနယ်လက်ပွေ့သမား မတွေ့
မထူးပါဘူး … ချုံနီးနားချင်း ဆီမှာဘဲ
အကူအညီတောင်းကြည့်မယ် ဆိုပြီး
ဘေးချုံရှေ့ ကနေ အထဲကို ဖင်ကုန်းပြီး ငုံ့အော်လိုက်တယ်
"ချုံရှင်တို့ …… ဗျို့ ချုံရှင်တို့"
ချုံထဲကနေ ယောကျာ်းခေါင်းတစ်လုံး ပြူထွက်လာတယ်
"ဘာလဲ"
"ကျနော်တို့က ဘေးချုံကပါ အခုမှပြောင်းလာတာ
ဟိုလေ … ဂျာနယ်လေးများ ပိုမလားလို့"
ကျုပ်ကို မယုံသလို တချက်ကြည့်ပြီးဘေးချုံကို လှည့်ကြည့်တယ်
ချုံရှေ့မှာ ကျုပ်ရည်းစားရဲ့ဖိနပ်ကမှောက်ရက်တစ်ဖက် ပက်လက်တစ်ဖက်
"ရတယ်လေ တစ်ပိဿာ ငါးရာ"
"ညှယ်"
အပြင်မှာ အဟောင်းသည်ဆီ ရောင်းတာတောင်အလွန်ဆုံးရှိလှ ငါးဆယ်ဘဲ
"ဟာဗျာ ခင်ဗျားဟာကလဲဈေးနဲနဲမကြီးဘူးလား"
"ဒါ ပန်းခြံ …ဘာဘဲဝယ်ဝယ် အပြင်ထက် ဆယ်ဆမပေးချင် မဝယ်နဲ့"
ကျုပ်လဲ မတတ်သာတော့
"ရော့ဗျာ ရော့ ငါးရာဒါနဲ့ ခင်ဗျားမှာ ချိန်ခွင်ပါလို့လား" ဆိုပြီး မေးလိုက်တော့
"မပါဘူး …အစောင် ၃၀ ကို တစ်ပိဿာဘဲ" တဲ့
တကယ့် ဘော်ဒယ်အိတ်စပက်နဲ့ လာတွေ့နေတယ်။
ကျုပ်ကို ဂျာနယ်တွေ အပုံလိုက် လာချပေးပြီးတော့
"ညီလေး ဘယ်နေ့ထပ်လာအုံးမှာလဲ" တဲ့
"ဘာလုပ်ဖို့ မေးတာလဲ " ဆိုပြီး မေးလိုက်တော့
"အိမ်မှာ စုထားတဲ့ နို့ဆီဗူးခွံတွေ ယူလာပေးမလို့ "တဲ့
ပြတ်ကရော …
ကျုပ်မှာ ဂျာနယ် အစောင်သုံးဆယ်ကို ပိုက်ပြီးချုံထဲ ဖင်ကုန်းပြီးပြန်ဝင်တော့
ငတိမ က ထမင်းချိုင့်ဖွင့်စားနေပြီ။
ကြက်ရိုးတစ်ချောင်း ဖောက်ခနဲ ကိုက်ဖဲ့ပြီးမျက်လုံးလေး လှန်ကြည့်တယ်
"ဂျာနယ်တွေ ထားခဲ့လေစားပြီးရင် ခင်းလိုက်မယ်" တဲ့
ကျုပ်လဲ ဂျာနယ်တွေ ပုံထားပေးခဲ့ပြီးချုံအပြင်ကုန်းထွက်လာလိုက်တယ်
အထဲမှာ ချိုင့်တွေ ခြင်းတွေပြည့်နေတော့ထိုင်စရာမှ မရှိတာ
ဗိုက်ကလဲ ဆန္ဒပြနေပြီသူ့လို ထမင်းချိုင့်ယူလာရင်လဲ အကောင်းသား
ဝယ်စားဖို့ကလဲ ဆိုင်တွေက အဝေးကြီးမှာ
သူစားလို့ မကုန်ရင် ကျုပ်ကို ခေါ်တော့ကျွေးမှာဘဲဆိုပြီး ချုံဝ ဆောင့်ကြောင့်မျှော်နေရတဲ့ ဘဝ
နားထဲမှာ ချိုင့်နဲ့ဇွန်း ထိသံ တဂွမ်ဂွမ် ကြားလေဗိုက်က တဂွီဂွီ အော်လေဘဲ
ဒါပေမဲ့ မကြာပါဘူးပြိုင်ဘက်က ပေါ်လာတယ်။အမြှီးလေး နန့်နန့် နန့်နန့်နဲ့
လာရာကနေ ချုံရှေ့ရောက်တော့ဘုတ်ခနဲ ဆောင့်ကြောင့်ထိုင်ချလိုက်တယ်
လုပ်စားနေကျ ခွေးထင်ပါတယ်။ချိုင့်သံကြားတာနဲ့ အနားရောက်လာပြီ
ချုံရှေ့မှာ ကျုပ်နဲ့ခွေး မျက်နှာချင်းဆိုင်အနေအထားနဲ့ဆောင့်ကြောင့်ထိုင်လို့
ရုပ်တွေကတော့ အသင့်အနေအထားနဲ့ဦးသူဟပ်ကြေးဘဲ
မကြာပါဘူးချုံထဲကနေ ငတိမရဲ့ လက်တစ်ဖက်ထွက်လာတယ်
လက်ထဲမှာက ဂျာနယ်နဲ့အကျအန ထုပ်ထားတဲ့ ထမင်းထုပ်
ကြည့်ရုံနဲ့ ဒါခွေးကျွေးတာမှန်း သိရတယ်ကြည့်စမ်း … ကျုပ်ကိုကျ ဗိုက်ဆာနေလား ဆိုပြီး
တစ်ခွန်းမေးဖော်မရဘူး
မတတ်နိုင်ဘူး လုစားရမှာဘဲသူလဲ ချုံထဲကနေ မြင်ရတာမှ မဟုတ်တာ
တသက်နဲ့တကိုယ် ဒီတစ်ခါဘဲ တိရစ္ဆာန်တစ်ကောင်နဲ့ ထမင်းလက်ဆုံစားဖူးတယ်
ထမင်းထုပ်ကို မြေကြီးပေါ်လဲ ချထားရသေးတာကောက်မ လိုက်လို့ ခွေးက သူမမှီတော့ရင်
ထဟောင်မှာလေ အဲ့အခါကျ ချုံထဲက ငတိမ ထွက်ကြည့်ရင်မရှိတဲ့အရှက် ဗြန်းဗြန်း ကွဲကုန်လိမ့်မယ်
ခွေးလဲ ချော့ရမြေကြီးပေါ်က ထမင်းထုပ်ကိုလဲ ကုန်းဟပ်ရနဲ့ခွေးတစ်လုတ် ကိုယ်တစ်လုတ်
စားနေရင်း ချုံထဲကနေ ခေါင်းတစ်လုံးဘွားခနဲ ထွက်လာတယ်ကျုပ်ပါးစပ်ထဲမှာကလဲ ဝါးရင်းတန်းလန်းကြီး
"ဘာလုပ်နေတာလဲဟင် ဗိုက်ဆာလို့လား"
မဖြစ်ဘူး ရည်းစားအသစ်ချပ်ချွတ် အရှေ့မှာ
အရှက်ကွဲလို့ မဖြစ်ဘူး
"ဟုတ်ဖူး … ခွေးကို ဝါးကျွေးနေတာ
ဒီခွေး သွားမကောင်းဘူးထင်တယ်
သိပ်မဝါးနိုင်ဘူး"
ခွေးကလဲ အလိုက်တသိနဲ့ တအီအီညည်းပြတယ်
ငတိမက ကျုပ်ကိုကော ခွေးကိုကော
မယုံသလို ကြည့်နေတုံး
ကျုပ်လဲ ပါးစပ်ထဲက ထမင်းလုတ်ကိုပက်ခနဲ လက်ထဲပြန်ထွေးထည့်ပြီး
ခွေးပါးစပ်နား တေ့ပေးလိုက်တယ်
"ဖေ့သားကြီးရေ နောက်တစ်လုတ် စားလိုက်ပါအုံး"
ခွေးကလဲ အလိုက်သင့်ဘဲ ဟပ်လိုက်တယ်
"အံမလေး ကြည့်ပါအုံးကလေးက လိမ္မာလိုက်တာ ကလူ ကလူ ကလူ" ဆိုပြီး
နောက်တစ်လုတ် ထပ်ဝါး ပြီး ထပ်ခွံ့ပြတော့မှငတိမက ယုံပြီး ချုံထဲပြန်ဝင်သွားတယ်
ကျုပ်မှာ ဒီတော့မှ ဆက်စားရဲတယ်ပါးစပ်ကတော့ ဟန်မပျက်
"ဖေ့သားကြီးရေ … ဟပ်လိုက်စမ်းဟဲ့နောက်တစ်လုတ်…" ဆိုပြီး
ထထအော်ပေးနေရသေးတယ်
တော်တော်ကြာတဲ့အထိ ငတိမ ထပ်မထွက်လာတော့ကျုပ်လဲ ချုံထဲချောင်းကြည့်လိုက်တယ်
အောင်မာ ဒင်းက ဂျာနယ်အပြည့်ခင်းခြင်ဆေးခွေပါ ထွန်းပြီး အိပ်နေတာချုံနံရံမှာလဲ ဂျာနယ်ထဲက ပါတဲ့အောင်ရဲလင်းပုံကို ကတ်ကြေးနဲ့ညှပ်ပြီးကပ်ထားလိုက်သေးတယ်
အိပ်လိုက်တာမှ သိုးလို့သူအိပ်တော့ ကျုပ်လဲ ချုံအဝမှာ ငုတ်တုတ်ပေါ့ညနေရောက်တော့မှ ချုံထဲပေးဝင်တယ်အဲဒါလဲ အကောင်းမဟုတ်ဘူးပြန်ဖို့ ပစ္စည်းတွေ ကောက်သိမ်းခိုင်းတာ
ကျုပ်မှာ ကိုယ်ပိုင်ရည်းစားလေး တစ်ရက် ထားမိပါတယ်။ဘာမှ မဘာရတဲ့အပြင် ထမင်းလဲငတ်
ဘုံလဲပျောက် ဘော်ဒယ်ကုလားဘဝပါရောက်ခဲ့ရတယ်
နောက်တနေ့မနက်မှာတော့ဆယ်နာရီထိုးမှ အိပ်ရာကထတယ်။မနက်စာကို လူလိုသူလို စားတယ်
အိပ်ရေးလဲ ဝတယ်ကိုယ်နဲ့အစာ ပြိုင်ဟပ်မယ့်ကောင်လဲ မရှိတော့ဗိုက်လဲ ဝတယ်။
ပြီးတော့ ပြည်သူ့ရင်ပြင်ဘက်ကို ထွက်ခဲ့တယ်။ရည်ရွယ်ချက်ကတော့ သိတယ်မလား
အိပ်ရေးအပျက်ခံ ထမင်းအငတ်ခံပြီး။လာလာချိန်းတွေ့နေကြတဲ့ သနားစရာ အတွဲတွေကို
အရင်လို တစ်ယောက်ထဲ အေးရာအေးကြောင်းလိုက်ချောင်းမလို့လေ
ဒါပေမဲ့ ဟိုချုံဘန်ဂလိုတွေ ဘက်ကိုတော့ယောင်လို့တောင် ခြေဦးမလှည့်ဘူး ကတိ
Credt- Zay Yar
#
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment