မေး၍ဖြေသည်
အလုပ်ခွင်စာမေးပွဲအတွက်လူတွေ့အင်တာဗျုးတစ်ခုတွင် ဖြစ်သည်။ အလုပ်လျှောက်ထားသူ တစ်ယောက်အား အင်တာဗျုးအဖွဲဝင် လူကြီးတစ်ဦးက နှုတ်မေးခွန်းတစ်ခုကို မေးလေ၏။
“ကိန်းလေးခုဖြစ်တဲ့ ၉၈၇၆ ကို ၆၇၈၉ နဲ့ပေါင်းပြီး ၁၅ နဲ့စား၊ ပြီးရင် ၂ ထပ်ကိန်းလုပ်၊ သည်အထဲကမှ တည်ကိန်းထဲကနေ ၄၃၂၁ ကို နှုတ်မယ်ဆိုရင် အဖြေက ဘာရမလဲ”
ဖြေဆိုမည့်သူသည် ခေတ္တမျှ မျက်လုံးစုံမှိတ်ကာ အဖြေကို ချက်ချင်းထုတ်ဖော်လိုက်လေရာ အင်တာဗျုးအဖွဲ့ဝင်လူကြီးများ ပါးစပ်အဟောင်းသား ဖြစ်သွား၇လေ၏။ အလုပ်လျှောက်ထားသူ ဖြေလိုက်သည်ကား-
“ခေါင်းသိပ်ကိုက်တာပဲဆိုတဲ့ အဖြေရပါတယ် ခင်ဗျာ”
ဟူသတည်း။
Credit - ကိုရွှေတောသား
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment