ဆယ်ယောက်မြောက်ကလေး
သက်ကြီးစုံတွဲတစ်တွဲဟာ သူတို့ရဲ့ ၇၅ နှစ်မြောက် မင်္ဂလာနှစ်ပတ် လည်အထိမ်းအမှတ်အဖြစ်ခမ်းနားတဲ့ စားသောက်ဆိုင်တစ်ဆိုင်မှာ ညစာ သွားစားကြပါတယ်။ညစာစားပြီးချိန်မှာ အမျိုးသားကြီးဟာ ဇနီးသည်အမျိုး သမီးကြီးကို အပျော့ပျောင်းဆုံး လေသံနဲ့မေးခွန်းတစ်ခု မေးလိုက်ပါတယ်။
"အချစ်ရေ ..မင်းကို မဖြစ်မနေ ကိုယ်မေးရမယ့်ကိစ္စ ရှိတယ်ကွယ်။ ကိုယ်တို့ရဲ့
၁၀ ယောက်မြောက်ကလေးကတခြားကလေးတွေနဲ့နည်းနည်းလေးမှကိုမတူတာကိုယ့်အတွက် အမြဲမေးခွန်းထုတ်စရာ ဖြစ်နေတယ်။ အခု ကိုယ်ပြောချင် တာက ဒီ ၇၅ နှစ်အတွင်းမှာအရမ်းကောင်းတဲ့အတွေ့အကြုံတွေကိုယ်ရ ခဲ့တယ်ဆို တာပဲ။ ဒါပေမဲ့နောက်ဆုံးမွေးထားတဲ့ကလေးဟာတခြားကလေးတွေ နဲ့ အဖေအတူတူပဲလားဆိုတာကိုယ်သိရမှဖြစ်မယ်"
အမျိုးသမီးကြီးဟာ ခေါင်းငိုက်စိုက်ကျသွားပြီး ခင်ပွန်းသည်ရဲ့မျက်လုံးတွေကို မကြည့်ရဲတော့ဘဲတစ်ခဏတာ ငြိမ်သက်သွား ပါတော့တယ်။ ပြီးတော့မှ ၀န်ခံပြောဆိုပါတော့တယ်။
"ဟုတ်ပါတယ်။ သူဟာ တခြားကလေးတွေနဲ့ အဖေမတူပါဘူး"
အမျိုးသားကြီးဟာတုန်လှုပ်သွားပြီး တကယ်တမ်း ဇနီးသည်ဝန်ခံလိုက်ချိန်မှာ
မျက်ရည်မဆည်နိုင်အောင်ဖြစ်သွားပါတော့တယ်။
"ဒါဆို ကလေးအဖေက ဘယ်သူလဲ"
ဒီတစ်ကြိမ်မှာလည်းအမျိုးသမီးကြီးဟာအဖြေပေးနိုင်ဖို့အချိန်အတော်ကြာယူ လိုက်ပြီးမှပြောလိုက်တာက
"သူ့အဖေက ရှင်ပါပဲ"
Credit – ဟာသပုံပြင်
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment