Header Ads

ထင်သလောက်မထုံပါဘူး


မောင်ထုံ ရုံးသို့ရောက်လာသည်။ ထိုနောက် သူ့ boss ၏ ရုံးခန်းတွင်းသို့ ၀င်
တွေ့သည်။ မောင်ထုံကို တွေ့တော့ boss ကမော့ကြည့်ရင်း ဘာကိစ္စအတွက်
လဲဟု သဘောရသည့် မေးခွန်းကို မေးဆတ်ရင်း မေးသည်။ အရိပ်အခြေသိသော
မောင်ထုံက boss ကို ရှင်းပြသည်။

"ဆရာ . . . ကျနော် မနက်ဖန် ခွင့် တစ်ရက် လောက်လိုချင်လို့ပါ။"

"ဘာအတွက် လဲ???"
"ဒီလိုပါ ဆရာ . .။ ကျနော့်မိန်းမက မနက်ဖန် အိမ်ကို အကြီးအကျယ်
သန့်ရှင်းရေးလုပ်မယ် ပြောပါတယ်။ အဲဒါ ကျနော် မရှိလို့ မဖြစ်ဘူးခင်ဗျ။
အိမ်ထဲက အလေးအပင်တွေမရမယ်။ ဘီဒိုတွေ ရွှေ့ရမယ်။ ပြီးတော့ အိမ်
ဘေးက ဂိုဒေါင်ကိုလည်း ပြန်ပြင်ရမယ်။ နောက် အိမ်ရှင်းလို့ ထွက်လာမယ့်
အမှိုက်တွေကို တစ်နေရာကို သွားပစ်ရအုံးမယ်။ အဲဒါကြောင့်ပါ။"
"ဒီမယ် မောင်ထုံ ။ မင်းသိတဲ့အတိုင်းပဲ . . ရုံးမှာ ဘယ်လောက် အလုပ်တွေ
များနေလဲ။ မင်းကို ခွင့်ပေးလိုက်ရင် ဒီမှာ ဘယ်လောက်အလုပ်တွေ ကျပ်ကုန်
မယ်ဆိုတာ မင်းလဲသိနေတာပဲ။ ဒီတော့ ငါ အပြတ်ပြောမယ်။ မင်းကို ခွင့်မပေး
နိုင်ဘူး။ ဒါပဲ။ နားလည်တယ်နော်။"
"ဟုတ်ကဲ့ . . ကျေးဇူးပါပဲဆရာ။ ကျနော်ကို ကယ်နိုင်တာ ဆရာပဲရှိတယ်ဆို
တာ ကျနော်နားလည်တာပေါ့ဆရာရယ်။ ဒါနဲ့ ကျနော်အိမ်ကို ဖုန်းဆက်လိုက်
အုံးမယ်။ မနက်ဖန် ဆရာက ခွင့်မပေးဘူးလို့ ဟုတ်တယ်နော် ဆရာ . . ။"
0ိာန်!!!!

 

Credit – KZO



အောင်မြင့်မြတ်(Myanmar Youths)

No comments