ပြောမှပို၍ဆိုးပါသည်
အိမ်ထောင်ကျသွားသည်မှာ တစ်လခန့် ရှိပြီဖြစ်သောသူ တစ်ဦးအား သူငယ်ချင်းဖြစ်သူက အိမ်ထောင်ရေးနှင့် ပတ်သက်၍ မေးမြန်းတီးခေါက်ပါလေ၏။
“ဟကောင် ကျွဲသိုး၊ မင်း အပျိုကြီး မပန်းလှိုင်နဲ့ အိမ်ထောင်ကျနေတာ ငါတို့တောင် တစ်လကြာမှသိရတယ်။ အတော်လျှိုတဲ့ကောင်ပဲ။ ဒါထက် ကိုယ့်အချင်းချင်းမို့ မေးရဦးမယ်။ မိန်းမရတဲ့အခါ မင်းအနေနဲ့ ဘယ်လိုများ အရသာရှိတယ်ဆိုတာ ပြောစမ်းပါဦးကွာ။ တို့က အိမ်ထောင်မကျဘူးသေးတော့ ကြားချင်လို့ပါ”
“ဟာကွာ တကယ်တော့ မိန်းမရတယ်ဆိုတာ စိတ်ညစ်စရာကြီးပါကွာ။ စညားကတည်းက ဆေးလိပ်မသောက်ရဘူး၊ ကွမ်းမစားရဘူး၊ အရက်မသောက်ရဘူး၊ အပေါင်းအသင်းတွေ လာခေါ်ရင် လိုက်မသွားရဘူး။ အိုကွာ… တားမြစ်ချက်တွေက စုံလို့ပါပဲ။ ငါ့မှာ တကယ့်ကို အိမ်ထဲမှာ ထောင်ကျနေတဲ့အတိုင်းပဲ”
“ဟုတ်လား မင်းပြောတဲ့အတိုင်းဆို မင်းမိန်းမက အင်မတန် ချုပ်ချယ်တာပဲ။ ဒါဆို မင်းအိမ်ထောင်ကျတာ ပျော်စရာမကောင်းဘဲ ပျင်းစရာချည်း ဖြစ်နေတော့မှာပေါ့”
“အဲ…. သတိရပြန်ပြီ။ ငါ့မိန်းမက ငါ့ကို ပျင်းခွင့်လည်း မပေးပြန်ဘူးကွ”
“အယ်”
Credit - ကိုရွှေတောသား
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment