သေချာသပလေညာက
သည်ယနေ့ အလုပ်စဝင်သော စာရင်းကိုင်အမျိုးသမီးဝန်ထမ်းအသစ်ကို ရုံးဆင်းခါနီးတွင် မန်နေဂျာက သူ့ထံသို့စာရင်းဇယားများ လာပို့ရှင်းလင်းရန် ရုံးစေအား ခိုင်းလိုက်၏။
သို့ဖြင့် မိနစ်အနည်းငယ်မှာပင် စာရင်းကိုင်မလေးသည် ဖိုင်တွဲအချို့ကို ယူငင်လျက် မန်နေဂျာ၏ အခန်းအတွင်းသို့ဝင် လာလေ၏။
“ဟောဒီမှာ စာရင်းဇယားတွေပါ ဆရာ”
“သြော် အေးအေး၊ သေသေချာချာကော ပေါင်းကြည့်ခဲ့ပြီးပြီလား”
“သေချာသထက် သေချာအောင် သုံးလေးကြိမ်တောင် မကပါဘူး။ ဆယ်ကြိမ်တိတိ ပေါင်းပါတယ်ဆရာ”
“ဟာ ဟုတ်ပြီဟေ့ အဲဒါမျိုးမှပေါ့။ ဆရာက အလုပ်တစ်ခုကို ဇွဲရှိရှိနဲ့ အခုလိုမျိုး စေ့စေစပ်စပ်လုပ်တာမျိုးကိုမှ သိပ်သဘောကျတာ’
“ဟုတ်ကဲ့ အဖြေက ဆယ်မျိုးတိတိ ထွက်နေပါတယ် ဆရာ’
“အယ်”
Credit - ကိုရွှေတောသား
အောင်မြင့်မြတ်(Myanmar Youths)
Post a Comment